BEC-TERO TV

အမျိုးသားများအတွက် (ကိုယ်ဝန်)သန္ဓေတားဆေး လာပါပြီ

16 Mar 2017     1,776 Views


သန္ဓေတားဆေးဆိုတာ ယခင်က အမျိုးသားများနှင့် လားလားမျှမဆိုင်ပဲ အမျိုးသမီးတွေအတွက်သာ ဖြစ်ခဲ့ပေမယ့် အမျိုးသားများထိုးရန် သန္ဓေတားဆေးလာပါပြီ။ တစ်နည်းအားဖြင့် ကွန်ဒုံးကို စိတ်ပျက်နေပြီဖြစ်တဲ့ အမျိုးသားများအတွက် သတင်းကောင်းဆိုရင်လည်း မမှားပါဘူး။
 
ဆေးသိပ္ပံသုတေသန အဖွဲ့တစ်ခုက ရှာဖွေတွေရှိထားတဲ့ ဗတ်ဆယ်ဂျယ်လ်(Vasalgel) ဟာ အမျိုးသားတွေအတွက် ကိုယ်ဝန်တားဆေးပဲဖြစ်ပါတယ်။ အမျိုးသမီး ကိုယ်ဝန်တာဆေးလို ဆေးပတ်လည်အောင် သောက်ရန်မလိုသလို သုံးလ၊ ခြောက်လခြားတစ်ကြိမ်လည်း ဆေးထိုးနေရန် မလိုအပ်ပါဘူး။ အဆိုပါ အမျိုးသား ကိုယ်ဝန်တာဆေးဟာ တစ်ကြိမ်ထိုးသွင်းရုံနဲ့ နှစ်နှစ်ခန့် သန္ဓေတားနိုင်ပြီး ကိုယ်ဝန်မရဖို့ ၁၀၀ % နှုန်းသေချာတယ်လို့ အာမခံထားပါတယ်။ 
 
သုတေသနစစ်တတမ်းများအရ အမျိုးသားအများစုက အသုံးပြုလိုတဲ့ ဆန္ဒတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဗတ်ဆယ်ဂျယ်လ်ကို ထုံဆေးအသုံးပြုပြီး ယောက်ျားရဲ့ ကပ္ပာယ်အိတ်ကနေတစ်ဆင့် သုတ်ပို့ပြွန်ထဲကို ထိုးသွင်းရတာဖြစ်လို့ လိင်တံနဲ့ ဝှေးစေ့ကို ထိခိုက်မှုမရှိပါ။
 
ဗတ်ဆယ်ဂျယ်လ်ရဲ့ အလုပ်လုပ်ပုံက သုတ်ပို့ပြွန်အဝမှာ ပိုလီမာကို ပိတ်ဆို့ထားလိုက်ပြီး လိင်ဆက်ဆံပြီးတဲ့အခါမှာ အခြားအရည်တွေက ထွက်သွားပေမယ့် သန္ဓေဖြစ်စေမယ့် သုတ်ပိုးတွေက ကျန်ခဲ့မှာဖြစ်ပါတယ် ဒါကြောင့် ကိုယ်ဝန်ရစေမှာ မဟုတ်ပါဘူး။
 
 
ကယ်လီဖိုးနီးယား အမျိုးသားပရိုင်းမိတ် သုတေသနအဖွဲ့ခေါင်းဆောင် ဆေးသိပ္ပံဆရာဝန် ဒေါက်တာ ကတ်သရင်း ဗန်ဒီဗော့ရဲ့ အဆိုအရ နှစ်နှစ်တာကာလမျှ စမ်းသပ်ခဲ့ပြီး၊ နောက်ဆုံးအသစ်စမ်းသပ်မှုအဖြစ် မျောက်ဖင်နီ ၁၆ ကောင်ကို စန်းသပ်ခဲ့ရာမှာ အပြည့်အဝအောင်မြင်မှုရခဲ့ကြောင်း သိရှိရပါတယ်။ 
 
ဗတ်ဆယ်ဂျယ်လ် နဲ့ သန္ဓေတာဆီးထားပြီးနောက် ကိုယ်ဝန်ပြန်ရလိုပါက ပိုလီမာကို ပြန်လည် ဖျော်ချတဲ့ ဆေးရည်ကို ထိုးသွင်းလိုက်ရုံပဲလိုပါတယ်။ ကွန်ဒုံးထက်သာတဲ့ ဗတ်ဆယ်ဂျယ်လ်နဲ့ အမျိုးသားများ ကိုယ်ဝန်တာဆီးနည်းက အမျိုးသားရော အမျိုးသမီးပါ အိမ်ထောင်ရေးသုခ ပြည့်ဝစေပြီး ဘေးထွက်ဆိုးကျိုး မရှိတာကြောင့် ကမ္ဘာတစ်ဝှမ်းက အမျိုးသားများ အသုံပြုလိုတဲ့ ထောက်ခံမှုတွေ မြင့်တက်နေပါတယ်။
 
 
အဆိုပါ ဗတ်ဆယ်ဂျယ်လ်ကို သိုသိပ်ထားစရာမလိုတဲ့ ဆေးပစ္စည်းထုတ်ကုန်အဖြစ်သတ်မှတ်ထားပြီး ကယ်လီဖိုးနီးယား ဘာကလေရှိ ပရဟိတအဖွဲ့အစည်းဖြစ်သည့် Parsemus Foundation က ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော် စျေးကွက်ထဲကိုတော့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၀ အတွင်းမှာသာ ထုတ်လုပ်ဖြန့်ချိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
 

16 Mar 2017     1,776 Views




RELATED

Most Popular of Health Fix

Most Popular of NEWS