BEC-TERO TV

သင်္ကြန်မှာ ဖြစ်ပေါ်မယ့် နေလောင်မှုတွေကို ပြန်လည် ကုသနည်း

23 Mar 2017     1,298 Views


နွေရာသီ ရဲ့ အပူဆုံးလမှာ ကျရောက်မယ့် သင်္ကြန်အချိန်မှာ လူငယ်လူကြီး ကလေး အရွယ်အလတ်မရွေး သင်္ကြန်ရေ ထွက်ကစားကြပါတယ်။ အပြင်ထွက်ဖို့ နေရောင်ခြည်ကာ ပစ္စည်းတွေသုံးကြပေမယ့် အနည်းအများ နေလောင်ကြပါတယ် နေလောင်ထားတဲ့ မျက်နှာ ခန္ဓာကိုယ် အသားအရည်ကို ပြည်လည်ကုစားဖို့ သဘာဝ နည်းလေးလေးတွေ နဲ့ ပြန်ကုစားလို့ ရအောင် ဝေမျှပေးလိုက်ရပါတယ် ။

ပါဝင်ပစ္စည်း

ဒိန်ချဉ် ခွက် ၁/၃ ပုံ ပျားရည် ခွက် ၁/၄ ပုံ (ပျားရည်ကို ခပ်နွေးနွေးလေးအပူပေးပါ။ ပျားရည်နွေးနွေးလေးဆို ပိုပြီး ပျော်ဝင်အားကောင်းပါတယ်) သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ပြုလုပ်နည်း ခွက်အသေးတစ်လုံးထဲမှာ ပျားရည်ရယ် သံလွင်ဆီရယ်ကို အရင် မွှေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်ထည့်ပြီး သေချာမွှေပါ။ အဲဒါပြီးရင် မျက်နှာသစ်ပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီလိုပဲ လက်တို့ ခြေထောက်တို့မှာလည်း လိမ်းပေးလို့ရပါတယ်။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးရမှာပါ။ ဒါဆိုရင်တော့ နေလောင်ဒဏ်ကြောင့် ပျက်ဆီးနေတဲ့ အသားအရေတွေက နူးညံ့ပြီး ပြန်လည် တောက်ပလာမှာဖြစ်ပါတယ


23 Mar 2017     1,298 Views




RELATED

Most Popular of Special or Others

Most Popular of Life Style