BEC-TERO TV

နန်းတော်ရှေ့ဆရာတင်၏ သူဌေးဝါဒသီချင်းကို ‘ရောသမထပ်မွှေ’စီးရီးတွင် ထည့်သွင်းသည့်အပေါ် မိသားစုဝင်များက ကန့်ကွက်

24 Mar 2017     1,631 Views


အဆိုတော် သားစိုး၏ ‘ရောသမထပ်မွှေ’အခွေကို မတ်လ ၁၀ ရက်က စတင်ဖြန့်ချိခဲ့ပြီး အခွေထွက်ရှိပြီး ၁၀ ရက်ကျော်အကြာ တွင် နန်းတော်ရှေ့ဆရာတင်၏ မြေး၊ မြစ်များက ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်သည်။ နန်းတော်ရှေ့ဆရာတင်၏ သီချင်းမူပိုင်ခွင့်အပါအဝင် သီချင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ယူ ထားသူ မြေးဖြစ်သူ နန်းခင်အေး က သူဌေးဝါဒသီချင်းအား ရောသမမွှေထားသည်ကို မတ်လ ၂၂ရက်မှ သိခဲ့ပြီး အဆိုပါတေး သီချင်းကို လာဝယ်သူက မည်သည့်တေး စီးရီးအတွက်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခြင်းမရှိဘဲ မြန်မာသံခွေ ဟု အတည်ပြုပေးခဲ့သောကြောင့် တေးဆိုသူအမည်နှင့် စီးရီးအမည် ဖော်ပြထားခြင်းမရှိသည့် ခွင့်ပြု ကြောင်း စာရွက်ပေါ်၌ လက်မှတ် ရေးထိုးပေးခဲ့သည်ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

‘‘ဒါ ကျွန်မကို လိမ်လည် လှည့်ဖြားသွားတာပါ။ မျိုးရိုးဂုဏ် သိက္ခာကို အလွန်တန်ဖိုးထားတဲ့ ကျွန်မကိုမှ အခုလို လက်တစ်လုံး ခြားလုပ်သွားတာ အလွန်မိုက်ရိုင်း လွန်းပါတယ်။ ဒါကြောင့် အမျိုး သားဂီတရဲ့ တန်ဖိုးကို နားလည်မှု မရှိတဲ့သူတွေကို မြန်မာဂီတချစ် သူများအားလုံးကိုယ်စား တရား မျှတတဲ့ အနုပညာသစ္စာတရား ပေါ်လာအောင် ကျွန်မဆက်လက် ဆောင်ရွက်ပါ့မယ်’’

ဟု နန်းခင် မွှေးက မတ်လ ၂၂ ရက်တွင် ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေး သားထားသည်။ ထို့အပြင် နန်းတော်ရှေ့ ဆရာတင်၏မြေး နန်းဝင်းက လည်း ၎င်း၏ အဘိုးသီချင်းကို ထိသည့်အချိန်မှ နာခဲ့ခြင်းမဟုတ် ဘဲ ရွှေမန်းတင်မောင်၏ သီချင်း ကို ယင်းသို့ ရောသမမွှေ ပြုလုပ် ချိန်ကလည်း အမြင်မတော်၊ အ ကြားမတော်ဟုဆိုကာ သားစိုးကိုလူချင်းတွေ့ဆုံစဉ်က မေတ္တာရပ်ခံခဲ့ဖူးကြောင်း ရေးသားထားသည်။ ‘‘အခုဟာကတော့ တာဝန် ပါရှိလာလို့ ပြောရတာ။ ဘိုးဘိုး ဆရာကြီး (နန်းတော်ရှေ့ဆရာ တင်)ရဲ့သား ငါတို့အဖေ ရွှေနန်း တင်ဆိုတာ အသက် (၉၂)နှစ် သက်ရှိထင်ရှားရှိပါတယ်ကွာ။ ငါ့ တူရေ ပညာရှင်တွေ စိတ်ဆင်းရဲ အောင် မလုပ်ပါနဲ့ကွာ။ ပညာ ကန်းတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူ့စည်းကမ်း၊ အနုပညာစည်း ကမ်း အလေးထားပါ။ ဘယ်သူ မဆို ကိုယ်လုပ်တာကိုယ်တာဝန် ယူရမယ်’’ဟု ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုတော် သားစိုးက ‘‘ကျွန်တော် က တေးရေးဆီက အခကြေးငွေ ပေးပြီး တေးရေးခ နှစ်သိန်းပေးပြီး ဝယ်ထားတာပါ။ တရားဝင်လုပ် ထားတာပါ။ ဘာတွေရေးနေကြ လဲတော့ မသိပါဘူး။ ရိုက်ကူးရေး လုပ်နေတဲ့အတွက် ဘာမှပြော စရာမရှိပါဘူး။ တေးရေးခ နှစ် သိန်းပေးပြီး ဝယ်ထားတာဖြစ်ပါ တယ်။ အဲဒါကိုလည်း ဂီတအစည်းအရုံးမှာ တရားဝင်တင်ပြီးတော့မှ ဂီတအစည်းအရုံးက လက်မှတ်ပါ မှ အခွေထုတ်ခွင့်ပေးတာပါ’’ဟုပြောကြားသည်။ သီချင်းဝယ်ယူသည့်ကိစ္စနှင့် ပတ်သက်၍ သားစိုးက ‘‘ကျွန် တော့်ရဲ့ မန်နေဂျာတစ်ယောက် က လုပ်ပေးတာ။ ကျွန်တော်က ဂျော်နီငါးပိနဲ့ တော်ကီချက်ကြီး ရိုက်ကူးရေးလုပ်နေတာပါ။ သန်လျင်မှာ ရိုက်တယ်။ သန်လျင်မှာပဲ သွားနေဖြစ်တော့ ရန်ကုန်မှာမရှိ တော့ နားလည်မှုတွေလွဲပြီး ဒါမျိုးတွေ ဖြစ်ကုန်တယ် ထင်တာပါပဲ။ ကျွန်တော်ကတော့ တရားဝင်ပေး ပြီး ဝယ်တာဖြစ်ပါတယ်။ ဂီတအစည်းအရုံးကလည်း တရားဝင် လက်မှတ်မပါဘဲ ထုတ်ခွင့်မပေး ပါဘူး’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

အဆိုပါကိစ္စများနှင့် ပတ် သက်၍ နန်းခင်အေး၏ သမီး နန်း တော်ရှေ့ဆရာတင်၏ မြစ်က လည်း အဆိုပါသီချင်းအတွက် လက်မှတ်ထိုးခွင့်ပြုသည်မှာ ယခု လဆန်းတွင်ဟု သိရပြီး အခွေ ဖြန့်မည့်ရက်နှင့် သီချင်းလာဝယ် ချိန်သည် တစ်ပတ်ခန့်သာ ကွာခြားမှုရှိသောကြောင့် ယင်းကာလ အတွင်း သီချင်းတစ်ပုဒ်ပြုလုပ်နိုင် သလားဟုလည်း ၎င်း၏ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် မေးခွန်းထုတ် ထားသည်။ ‘‘ဘယ်နည်းနဲ့ စဉ်းစားစဉ်း စား ဒီကြားထဲ ကောက်ဆိုလိုက် တာမျိုးတော့ ဟုတ်မယ်မထင်ဘူး ရှင့်။ သီချင်းကို ကြိုက်သလို ရောသမမွှေလို့လည်းပြီး၊ ထွက်ဖို့လည်း အဆင်သင့်အားလုံးပြီးစီးတဲ့အချိန်မှ ကဲကဲ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းဖိုးလေးတော့ သွားရှင်း ပေးလိုက်ဦးဆိုတဲ့ အပေါက်ရှင့်။ ကျွန်မစိတ်ထဲ မခံမရပ်ဖြစ်နေမိ တာလည်း အဲဒါပါပဲ’’ဟု နန်းစုက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။ သီချင်းဝယ်ယူငွေချေချိန်နှင့် အခွေထွက်သည့်ရက်မှာ တစ် ပတ်ခန့်သာကွာခြားသည်ကို သား စိုးက ယခုကဲ့သို့ပြောသည်။ ‘‘နောက်ဆုံးအချိန်ကျမှ ကျွန် တော်တို့က ထည့်မယ်၊ မထည့်ဘူး ဆုံးဖြတ်ဖြစ်တော့ အဲဒီလို ကပ်သွားတာ။ အမှန်တကယ်က သီချင်းဆိုရွေးရတာ အများကြီး။ အခြေအနေနဲ့လိုက်ပြီး သီချင်းတွေအများကြီး တီးထားပြီးမှ လုပ်ဖြစ် တယ်၊ မလုပ်ဖြစ်ဘူး။ Confirm ဖြစ်ပြီဆိုမှ ငွေချေရတာ’’ ဟု သားစိုးက ပြောသည်။

Credit : 7daydaily


24 Mar 2017     1,631 Views




RELATED

Most Popular of Special or Others

Most Popular of NEWS