BEC-TERO TV

သင်္ကြန်ကာလအတွင်း မော်တော်ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်

28 Mar 2017     1,481 Views


၂၀၁၇ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်း မော်တော်ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
 
ယာဉ်မောင်းများ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အတူ အများပြည်သူများအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကတိပေးနှိုးဆော်ချက်များ၊ မှဒခင်းများ မဖြစ်ပွားစေရန် သတိပြုဆင်ခြင်ရမည့် အချက်အလက်များကိုလည်း အောက်ပါအတိုင်း ပူးတွဲထုတ်ပြန်ခဲ့သည်။
 
 
 
 
အဆိုပါ စည်းကမ်းချက်တွေမှာ သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တာတွေ အပျော်လွန်ကျူးပြီး စည်းကမ်းမဲ့ ပြိုင်မောင်းတာတွေ အရှိန်ပြင်းမောင်းတာတွေ ၊ယာဉ်နံပတ်ပြားမပါပဲ မောင်းနှင်တာတွေယာဉ်ရဲ့ ဘေးတံခါးတွေ နောက်ဖုံးတွေ ဖြုတ်ပြီး မောင်းနှင်တာတွေ ဖျက်သိမ်းထားတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့ ပြုပြင်ဆဲယာဉ်တွေကို မောင်းနှင်တာတွေကို မပြုလုပ်ဖို့အချက်တွေပါဝင်ပါတယ်။
ထို့ပြင် ယာဉ်ကြောပြောင်းပြန် မောင်းနှင်တာတွေ၊ ထော်လဂျီ စတဲ့ အနှေးယာဉ်တွေကို အသုံးပြုပြီး ရေကစားတာတွေ မော်တော်ဆိုင်ကယ်တွေ ကို အိတ်ဇောပိုက်ဖြုတ်ပြီး စီးတာတွေ အသံကျယ်လောင်စွာ စီးတာတွေ နံပတ်မမြင်အောင်တွန့်ခေါက်ပြီး စီးတာတွေ ရှေ့/နောက်နံပတ်ပြားမပါပဲ စီးတာတွေ နှစ်ဦးထက်ပိုပြီး စီးတာတွေ ဆိုင်ကယ်စီးဦးထုတ်မပါဘဲစီးတာတွေကို မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
 
ပတ်ဝန်းကျင်ကို ဆူညံမှု ဖြစ်စေတဲ့ သံစုံဟွန်းတွေတပ်ဆင်ပြီး အသုံးပြုတာတွေ မော်တော်ယာဉ်တွေမှာ ညစ်ညမ်းတဲ့စာသားတွေ ဆိုင်းဘုတ်၊ပန်းချီ၊ရုပ်ပုံ၊အခြားမသင့်လျော်တဲပစ္စည်းတွေကို ရေးသားချိတ်ဆွဲပြီးမောင်းနှင်တာ တွေမပြုလုပ်ဖို့ကို လည်း တားမြစ်ထားပါတယ်။
 
၂၀၁၆ခုနှစ်သင်္ကြန်ကာလမှာ ယာဉ်မတော်တဆမှု(၃၅၉)မှု ဖြစ်ပွားပြီး ဒဏ်ရာရသူ ၈၃၈ဦး သေဆုံးသူ ၁၃၂ဦး ရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တားမြစ်ချက်တွေထုတ်ထားတယ်။ကျူးလွန်ရင် ကျူးလွန်တဲ့ အမှုကို သက်ဆိုင်ရာ ပုဒ်မနဲ့အရေးယူမယ်။”လို့ ရဲမှူးလှဝေကပြောကြားထားသည်။
 
Credit:ကုမုန္ဒြာ
 

28 Mar 2017     1,481 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS