BEC-TERO TV

သဲရဲ့ မောင် ကို ထုတ်ပြလိုက်တဲ့ ရွှေမှုန်ရတီ

28 Mar 2017     5,265 Views


မောင်လို့ အမြဲခေါ်ခေါ်နေပြီး မျက်နှာကို ကွယ်ကွယ်ထားတဲ့ ပုံလေးတွေ အမြဲတင်တက်တဲ့ ရွှေမှုန်ရတီ တစ်ယောက် သူရဲ့ မောင် ကို ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါပြီ ။ မောင် လို့ ခေါ်ခေါ်နေတဲ့ ချစ်သူ ရဲ့ ဟော့ ပေါ့ ဆိုင်ဖွင့် ပွဲကို ရောက်နေရင်း live လွှင့် ရင်းတခါထဲ မိတ်ဆက်ပေးလိုက်တာလဲ ဖြစ်ပါတယ် ။

မတ်လ ၂၅ ရက်နေ့ကလဲ ချစ်သူ နဲ့ တွဲ ရိုက်ထားတဲ့ ပုံကို တင်ခဲ့ ပေမယ့် နာရီပိုင်းလေးတင် ပြန်ဖျက်သွားခဲ့ ပါတယ် ။ ဒါပေမယ့် ရွှေမှုန် ကို ချစ်တဲ့ ပရိတ်သတ်တွေကိတော့ ထိုပုံကို သိမ်းထားကြပါတယ် ။ ရွှေမှုန်ရတီ ဟာ ချစ်သူ မောင်နဲ့ ပတ်သတ်တဲ့ ခံစားချက်တွေကို ဖေ့စ်ဘွတ် မှာ အမြဲ တင်နေကြသူလဲ ဖြစ်ပါတယ် ။ အကြာသေးခင်ကလဲ မောင်ကို ရွှေနဲ့ လုပ်ထားတဲ့ ဖုန်းကာဗာ လက်ဆောင်ပေးခဲ့ လို့ ပရိတ်သတ်တွေ အကြား ရေပန်းစားခဲ့ ပါသေးတယ် ။


28 Mar 2017     5,265 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment