BEC-TERO TV

ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာမရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

28 Mar 2017     1,277 Views


မတ်လ ၂၇ ရက်နေ့က ကျရောက်သည့် (၇၂)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
လူမျိုးရေးနဲ့ ပတ်သက်ပြီး တို့နိုင်ငံ မှာ ရိုဟင်ဂျာလူမျိုးမရှိဘူးဆိုတာ ကမ္ဘာကို အသိပေးပြီးဖြစ်တယ်။ ရခိုင်မှာရှိတဲ့ ဘင်္ဂါလီ များအနေနဲ့ မြန်မာတိုင်းရင်းသားတွေ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်သူတွေသာဖြစ်တယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ဘင်္ဂါလီအချို့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ ဒုက္ခအသွယ်သွယ်ကို အကြောင်းပြုပြီး နိုင်ငံရေးစွက်ဖက်မှုတွေကို တွေ့ရမှာဖြစ်တယ်။ တို့တွေအနေနဲ့ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာတွေကို ဆောင် ရွက်ပေးသွားဖို့ တာဝန်ရှိသလို နိုင်ငံတော်တွင်းဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ နိုင်ငံရေးနဲ့ ဘာသာရေးအကြောင်းပြုပြီး ဆောင်ရွက်လာမှုများဟာ နိုင်ငံ တော်ရဲ့အချုပ်အခြာ အာဏာကို ထိပါး လာနိုင်တာဖြစ်တဲ့အတွက် တပ်မတော်ရဲ့ စိတ်ဓာတ်ကိုအခြေခံပြီး ကာကွယ်သွားဖို့ လည်း တာဝန်ရှိတယ်
ဟု မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
(၇၂)နှစ်မြောက်တပ်မတော်နေ့အ ခမ်းအနားသို့ BIA ဗိုလ်ရန်နိုင်တပ်မှ လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးကျော်ဇိုင်(ခ)ဦးကျော်ဇံ အပါအဝင် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ နိုင် ငံတကာသံတမန်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ တက် ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တင့်ကား၊ သံချပ်ကာကား၊ အမြောက်ကြီး၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ တိုက် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မြင်းတပ်ဖွဲ့များလည်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
 
Ref:pyimyanmar
 

28 Mar 2017     1,277 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS