BEC-TERO TV

အိမ်ထောင်ရေး ကိစ္စကြောင့် အမှုရင်ဆိုင်နေရချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ စည်သူမောင်

28 Mar 2017     1,324 Views


ဇနီးဖြစ်သူနဲ့ ကွာရှင်းပြန်စဲဖို့ ကိစ္စအတွက် အမှုရင်ဆိုင်နေရတဲ့ အချိန်မှာစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအများကြီး ရှိပါတယ်လို့ သရုပ်ဆောင် စည်သူမောင် က ပြောကြားထားပါတယ် ။ “ဒီလိုအမှုရင်ဆိုင်ရချိန်မှာ စိတ်ပိုင်းဆိုင်ရာထိခိုင်မှုတွေ အများကြီး ရှိပါတယ်။ ဗုဒ္ဓဘုရား ရဲ့ အဆုံးအမတွေကိုသာလက်ကိုင်မထားဘူးဆိုရင်လုံးဝကိုပြိုလဲသွားနိုင်တဲ့ အနေအထားမျိုးပေါ့နော်။ ဒါပေမယ့် အတတ်နိုင်ဆုံးရင်ဆိုင်ဖြေရှင်းနိုင်အောင်ကြိုးစားနေပါတယ်” လို့ပြောထားပါတယ်။

အိမ်ထောင်ေ၇းကိစ္စအတွက် အမှုရင်ဆိုင်နေရပေမယ့် စိုးရိမ်မှုတော့မရှိဘဲ တရားကိုနတ်စောင့်တယ်လို့ခံယူထားပြီး ၊ လက်ရှိခေတ်မှာငွေများငွေနိုင် ဆိုတဲ့ တရားရေးဆိုင်ရာဆုံးဖြတ်ချက်တွေလည်း မရှိနိုင်တော့ဘူးလို့ ယုံကြည်ထားပါတယ် ။ “လူမှုကွန်ရက် မှာပြောနေကြတာတွေနဲ့ ပတ်သတ်လို့ တော့ ကျွန်တော် လိုက်မရှင်းတော့ဘူးကျွန်တော်ရဲ့ facebook မှာဆိုလည်း ကျွန်တော့်အမျိုးသမီးကို မထိခိုက်ဘဲနဲ့ ကိုယ့်ဘက်ကနေပဲ ဖြေရှင်းတာမျိုးရှိပါတယ်။ ကိုယ်ကအမြဲတမ်းကြီးပဲ ငြိမ်ခံနေရင်လည်း ပရိတ်သတ်အမြင်မှာ မှားသွားနိုင်လို့ပါ” လို့လဲ ပြောထားပါတယ်။

သရုပ်ဆောင် စည်သူမောင်နဲ့ ဒေါက်တာ နန်းသီရိထွန်းတို့က ချစ်သူသက်တန်း ခုနှစ်နှစ်အကြာ ၂၀၁၄ သြဂုတ် ၁၉ ရက်နေ့မှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာလဲဖြစ်ပါတယ် ။ လက်ရှိမှာတော့ ကွာရှင်းပြတ်ဆဲဖို့အတွက် တောင်ဥက္ကလာပ တရားရုံးမှာ အမှုရင်ဆိုင်နေရတာလဲ ဖြစ်ပါတယ် ။ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်ဆဲဖို့တောင်းဆိုရတဲ့ အချက်တွေထဲမှာ ကိုယ်ထိလက်ရောက်ထိပါးခြင်း ၊ ကိုယ်ပိုင်အိမ်နဲ့ မထားခြင်း စတဲ့ အချက်အလက်တွေ ပါဝင်နေတာကြောင့် အမှန်အတိုင်းဖြစ်စေဖို့ အမှုရင်ဆိုင်နေတာဖြစ်ကြောင်း စည်သူမောင်က သူ့ ရဲ့ အမှု အခြေအနေကို ပြောပြသွားခဲ့ ပါတယ် ။

Credit:The voice daily


28 Mar 2017     1,324 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment