BEC-TERO TV

သင်္ကြန်ကာလ ဘတ်စ်ကား ၂၀ ရာခိုင်နှုန်းခန့် ပြေးဆွဲပေးဖို့ ညွှန်ကြား

29 Mar 2017     1,236 Views


- သင်္ကြန်ပွဲတော် ကာလအတွင်း ဘတ်စ်ကား လိုင်းတွေမှာရှိတဲ့ ဘတ်စ်ကားအစီးရေ ၂၀ ရာခိုင်နှုန်းကို မဖြစ်မနေ ပြေးဆွဲပေးဖို့ညွှန်ကြားထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) က အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က လိုင်းတိုင်းကတော့ ၂၀ ရာခိုင်နှုန်းထွက်ရမှာမထွက်လို့မရဘူး၊ ဈေးပိုတောင်းတာတွေလဲ တိုင်ရင်အရေးယူမယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ YBS ဘတ်စ်ကား ယာဉ်လိုင်းပေါင်း ၈၁ လိုင်းက တစ်လိုင်းစီမှာရှိတဲ့ဘတ်စ်ကားအ ရေအတွက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပြေးဆွဲပေးမှာဖြစ်ပါတယ်။

- သင်္ကြန်ကာလအတွင်းမှာ ပြေးဆွဲတဲ့ ဘတ်စ်ကားတွေကို ယာဉ်စီးခ ပုံမှန် ကောက်ခံနေကျအတိုင် ကျပ် ၂၀ဝ နဲ့ မြို့တွင်းပြေးဆွဲပေးတဲ့ ဘတ်စ်ကားတွေက ပုံမှန်ယာဉ်စီးခနှုန်း ကျပ် ၁၀ဝ သာကောက်ခံ ရမှာဖြစ်ပါတယ်။ယာဉ်စီးခ ပိုမိုကောက်ခံတဲ့ ယာဉ်တွေကို တိုင်ကြားချက်ပေါ်မူတည်ပြီး အရေးယူမှာပါ။ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးလျှပ် စစ်စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ယာဉ်စီးခကတော့ မူလကောက်ခံတဲ့ နှုန်းအတိုင်းပဲ ကောက်ခံပါမယ်၊ ယာဉ်စီးခကို ပိုကောက်ခံရင် အရေးယူမယ်လို့ ပြောပါတယ်။

- သင်္ကြန်ကာလအတွင်းယာဉ်စီးခ ပိုမိုကောက်ခံတဲ့ ယာဉ်လိုင်းတွေကို အရေးယူမယ့်အပိုင်းနဲ့ ပတ်သက်ပြီးတိတိကျကျမသိရှိရသေးပါဘူး။ ဒဏ်ကြေးပဲကောက်ခံမလားဆိုတာကို ဆွေးနွေးနေဆဲဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) က သိရပါတယ်။ သင်္ကြန်ကာလအတွင်း ခရီးသွားလာရေးအခက်အခဲမရှိအောင် ပြင်ဆင်နေပြီး နားတဲ့ဘတ်စ်ကားတွေနားမှာဖြစ်ပေမဲ့ သွားရေး လာရေး အခက်အခဲမရှိအောင်တော့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Credit : kumudranews


29 Mar 2017     1,236 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS