BEC-TERO TV

သမန်းကျားအတွက် သိန်းသုံးထောင် အကုန်ခံထားရတဲ့ ခွန်းဆင့်နေခြည်

29 Mar 2017     1,411 Views


မှော်ဝင်သမန်းကျားလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားကို ခွန်းဆင့်နေခြည် က ပထမဆုံးပရိုဂျူဆာသရုပ်ဆောင် လုပ်တဲ့ ကားလဲ ဖြစ်ပါတယ် ။ ကန်တော့ပွဲအခမ်းအနားကို ကရ၀ိတ်နန်းတော် မှာ အကြီးအကျယ် ပြုလုပ်ခဲ့ ပါတယ်။ရိုက်ကူးရေးစတင်လုပ်ချိန်ထဲက အခုထိ ၃-၄ နှစ်ခန့်ကြာပြီလဲ ဖြစ်ပါတယ်။

နောက်ပိုင်းရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေ ရုံတင်ပြသခဲပပေမယ့် သမန်းကျားကတော့ ထွက်လာခြင်းမရှိခဲ့ပါဘူး ။ ခွန်းဆင့်က မှောဝင်ကျားဟာ အခက်အခဲအများကြီးကြားထဲက အရမ်းကို ကြိုးစားခဲ့ ရတဲ့ ရုပ်ရှင်ပါ အခုတော့ ဆင်ဆာလဲတင်ပြီးပြီ ရုံရက်တန်းစီရပါတော့မယ် လို့ ပြောထားပါတယ်။

သမန်းကျားအတွက်လိုအပ်တဲ့ ဇာတ်ဝင်ခန်းတွေကို ထိုင်းနိုင်ငံ ကျားကျောင်းမှာ သွားရောက်ရိုက်ကူးခဲ့ ရပါတယ် ။ ကုန်ကျစရိတ်စုစုပေါင်း ကျပ်သိန်း ၃ထောင်နီးပါး ရှိခဲ့ပါတယ်လို့ ပြောထားပါတယ်။ “ရုံတင်တဲ့အချိန် ကုန်ထားသလောက်ပြန်ရဖို့ မရဖို့ဆိုတာမျိုးကို မျှော်မှန်းထားတာမရှိပါဘူး ။ စရိုက်ကတည်းက အနုပညာကျန်ဖို့ပဲ ရည်၇ွယ်ခဲ့ တာပါ ။ ကုသိုလ်ကံပါပဲ ။ ငွေကြေးရော၊ အနုပညာပါ ကျန်တဲ့ ကားဖြစ်ရင်တော့ အကောင်းဆုံးပါပဲ” လို့ ပြောထားပါတယ်။

အကယ်ဒမီနဲ့ ပတ်သတ်ပြီးလဲ အကယ်ဒမီဆုရဖို့ဆိုတာထက် အနုပညာကို ပရိတ်သတ်တွေလက်ခံဖို့ဆက်လက်ကြိုးစားသွားမှာ ပါလို့ ပြောထားပါတယ်။

Ref:morning post


29 Mar 2017     1,411 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment