BEC-TERO TV

အင်းဝအပ်ချုပ်ဆိုင် အမှုမှ အနှိပ်စက်ခံ မိန်းကလေးနှစ်ဦးက အပ်ချုပ်ဆိုင်ဖွင့်ရန်ဆန္ဒရှိ

29 Mar 2017     1,295 Views


အင်းဝအပ်ချုပ်ဆိုင်အမှု အနှိပ်စက်ခံခဲ့ရသော မိန်ကလေးငယ်နှစ်ဦးက အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ရန်အတွက် အပ်ချုပ်ဆိုင်ဖွင့်လှစ်ရန် ဆန္ဒရှိနေကြောင်း၊ ထိုသို့ဖွင့်လှစ်ရေးအတွက် ကူညီရန် ကမ်းလှမ်းသူများလည်းရှိနေကြောင်းသိရပါတယ်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာမှ ပြောပါတယ်။အခုလက်ရှိတွင် မသဇင်မှာ မော်တာစက်ချုပ်သင်တန်းကို ရန်ကုန် အမျိုးသမီးသက်မွေးတတ်ပညာကျောင်းတွင် သင်ကြားနေပြီး အဆိုပါနေရာတွင်ပင် ထိန်းသိမ်းစောင့်ရှောက်ပေးထားပါတယ်။

မစန်းကေခိုင်မှာမူ ထိခိုက်ခဲ့ရသောလက်ကို ခွဲစိတ်မှုပြုလုပ်ခဲ့တာ အောင်မြင်ခဲ့ပါတယ်။ “နှစ်ဦးစလုံးရဲ့ မျှော်လင့်ချက်က အပ်ချုပ်ဆိုင်ဖွင့်လှစ်နိုင်ရေးလို့ပြောပါတယ်။မစန်းကေခိုင်ကို လောလောဆယ် လေ့ကျင့်ခန်းတွေလုပ်ခိုင်းနေပါပြီ။သူလည်း စက်ချုပ်ကျွမ်းကျင်သွားရင်တော့ ကိုမောင်မောင်အေးတို့ အလှူခံထားတဲ့ငွေနဲ့ ဆိုင်ဖွင့်နိုင်အောင်ကူညီသွားမယ်၊ စက်ချုပ်ကျွမ်းကျင်ပြီးတာနဲ့ သူတို့မိဘတွေဆီ ပြန်လွှဲပေးသွားမယ်”ဟု သိရပါတယ်။

Ref; Pyi Myanmar


29 Mar 2017     1,295 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS