BEC-TERO TV

မျက်လုံးညောင်းညာမှုအတွက် သက်သာစေဖို့

29 Mar 2017     1,387 Views


ဒီနေ့ခေတ် ဘဝနေထိုင်မှုပုံစံကြောင့် လူတွေအိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာအကြည့်များတာ၊ အင်တာနက်အသုံးများတာတွေ ဖြစ်လာပါတယ်။ အိပ်ရေးပျက်တာကြောင့် မျက်လုံးဖောင်းအစ်တာနဲ့ မျက်စိညောင်းညာတာတွေ ဖြစ်လာပါတယ်။ ညောင်းညာပင်ပန်းနေတဲ့မျက်စိဟာ ကြည့်ရတာ သက်သောင့်သက်သာမဖြစ်ရုံမက ဆွဲဆောင်မှုလည်းမရှိတော့ပါဘူး။
 
မျက်စိညောင်းညာမှုဖြစ်ရသောအကြောင်းရင်း -
 
အိပ်ရေးပျက်တာက မျက်စိညောင်းညာမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။ တခြားအကြောင်းရင်း တွေက စိတ်ဖိစီးမှုများတာ၊ မျက်ကပ်မှန်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ရေဓာတ်ခမ်​ေခြောက်တာ၊ ဆေးကသမှုတချို့၊ ကွန်ပျူတာအသုံးများတာ၊ နှာခေါင်းပိတ်တာ၊ စာဖတ်များတာနဲ့ တောက်ပတဲ့အလင်းရောင်ကို ကြာကြာကြည့်မိတာတွေကြောင့် ဖြစ်တတ်ပါတယ်။
 
မျက်စိညောင်းညာသော အဓိကလက္ခဏာများ -
 
- မျက်စိကိုဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာခံစားရတာ၊
 
- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊
 
- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊
 
- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ထိတွေ့ရင် ကျိန်းစပ်စပ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။
 
မျက်စိညောင်းညာမှု သက်သာစေရန် -
 
(၁) ရေခဲသေတ္တာထဲမှာ အေးခဲအောင်သိမ်းထားတဲ့ လက်ဖက်အိတ် နှစ် အိတ်ကိုယူပြီး မျက်စိပေါ်ကို မိနစ် ၂၀ ကြာတင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွားပါလိမ့်မယ်။
 
(၂) လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီးစိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာတင်လိုက်ပါ။ ပြီးရင် မျက်စိကိုရေအေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
 
(၃) နှင်းဆီရေထဲမှာ စိမ်ထားတဲ့ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။
 
(၄) အေးခဲနေတဲ့နို့ထဲမှာ စိမ်ထားတဲ့ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာတင်ပေးပါ။ မျက်စိဖောင်းအစ်မှု လျော့ကျစေပြီး လန်းဆန်းသွားပါလိမ့်မယ်။
 
(၅) ရေခဲသေတတ္တာထဲ ထည့်ထားတဲ့ဇွန်းနှစ်ချောင်းကို မျက်စိပေါ်တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါးသွားပါလိမ့်မယ်။
 
(၆) ရေဓာတ်ခန်းခြောက်မှုကြောင့် မျက်စိညောင်းညာမှု မဖြစ်အောင် တစ်နေ့လုံး ရေများများသောက်ပေးရပါမယ်။
 
(၇) မျက်စိကို သန့်ရှင်းတဲ့ရေခဲရေနဲ့ မကြာခဏ ဆေးကြောပေးတာက မျက်စိညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာစေပါတယ်။
 
 

 


29 Mar 2017     1,387 Views




RELATED

Most Popular of Health Fix

Most Popular of Life Style