BEC-TERO TV

ခွဲစိတ်ပြုပြင်ထားတယ်လို့ စွပ်စွဲခံနေရတဲ့ ဗီယက်နမ် အလှမယ်

29 Mar 2017     1,439 Views


မြန်မာ ပြည်ပရိတ်သတ်တွေ ရဲ့ အသဲစွဲ ဗီယက်နမ် အလှမယ် ငုယင်ထရန်ဟုရန်မေ ဟာ ခွဲစိတ်ထားတယ်လို့ လက်တလောမှာ စွပ်စွဲခံနေရပါတယ်။ဒီလို မျိုးစွပ်စွဲမယ် ဆိုရင်လဲ စွပ်စွဲရလောက်တဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ် ။

ဘာကြောင့် လဲ ဆိုတော့ လွန်ခဲ့ တဲ့ ၂နှစ်ခန့်က သူမ ရဲ့ အသွင်အပြင်နဲ့ ယနေ့ အသွင်အပြင်ဟာ လုံးဝ ကွဲပြားခြားနားနေပါတယ် ။

သူမ ပါဝင်ထားတဲ့ ဟာဒယရွှင်ဆေး ဇာတ်လမ်းတွဲ ( sitcom ) မှာ မြင်တွေ့ရတဲ့ သူမ ပုံဟာ ယခုအချိန် သူမကို မြင်တွေ့ရတဲ့ ပုံနဲ့ တော်တော်လေးကို ကွာနေတာကို တွေ့ရပါတယ်။

အသား အရည် ၊ သွား ၊ မျက်နှာ ကျပုံ ကအစ ပြောင်းလဲ သွားတဲ့ အတွက် ငုယင်ကို ခွဲစိတ်ထားတယ်လို့ ထင်ကြေးတွေ ပေးနေကြပါတယ်။

ငုယင် ဘက်ကတော့ တော့ ဒီကိစ္စ နဲ့ ပတ်သတ်ပြီး ဖြေရှင်းမှုကိုတော့ မတွေ့ရသေးပါဘူး ။ ငုယင် တကယ်ခွဲစိတ်ထားလားဆိုတာ သူမရဲ့ အရင် ပုံတွေနဲ့ ယခုလက်ရှိပုံတွေကို ယှဉ်ပြီး ကြည့်လိုက်ပါအုံး ။


29 Mar 2017     1,439 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment