BEC-TERO TV

ခေါင်းမြီးခြုံထားမှုနှင့် မုတ်ဆိတ်ရှည်ထားမှုကို တရုတ်အစိုးရ တားမြစ်ပိတ်ပင်

03 Apr 2017     1,390 Views


တရုတ်နိုင်ငံ  အနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဘာသာရေး အစွန်းရောက်မှုတစ်ခုအဖြစ် ရှုမြင်တဲ့ လုပ်ရပ်တွေကို အဓိကနှိမ်နင်းမှုတစ်ခုအဖြစ် ခေါင်းမြီး ခြုံဝတ်ဆင်တာတွေကိုလည်း တားမြစ် လိုက်ပါတယ်။ စနေနေ့က စတင်အကျုံးဝင်တဲ့ သည်ဆောင်ရွက်ချက်ထဲမှာ ပုံမှန်မဟုတ်တဲ့ မုတ်ဆိတ်ပုံစံတွေ၊ နာမည်တွေနဲ့ အခြားအစွန်းရောက်တဲ့ လက္ခဏာတွေကိုလည်း တားမြစ်ထားပါတယ်။

ဒါ့အပြင် အခြားသူတွေကို အတင်းအကျပ် ခေါင်းမြီးခြုံဝတ် ဆင်ခိုင်းတာတွေကိုလည်း တားမြစ်လိုက်ပါတယ်။ တရုတ်ရဲ့ အနောက်ဘက်အကျဆုံး  ဒေသဖြစ်တဲ့ ရှင်ကျန်းပြည်နယ်ဟာ တရုတ်ဟန်လူမျိုးတွေရဲ့ ခွဲခြားဆက်ဆံမှုတွေ ကြုံနေရတဲ့ မွတ်စလင်ဝီဂါလူမျိုးတွေ နေထိုင်ရာ ဒေသတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ရှင်ကျန်းပြည်သူ့  ကွန်ဂရက်က ပြဋ္ဌာန်းလိုက်တဲ့ သည်စည်းမျဉ်းဥပဒေအရ အခြားဘယ်လိုဝတ်စား  ဆင်ယင်မှုမျိုးတွေကို တားမြစ်သွားမလဲ ဆိုတာတော့ သေချာမသိရသေးပါဘူး။သို့သော် လူ့အခွင့်အရေး အုပ်စုများကမူ လူထုအုံကြွမှုသည် ဖိနှိပ်သော မူဝါဒများကို တုံ့ပြန်ခြင်းသာဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်မှုများသည် အူဂါလူမျိုးများအား အကြမ်းဖက်လမ်းစဉ်သို့ ကူးပြောင်းအောင် တွန်းအားပေးရာ ရောက်လိမ့်မည်ဟု သတိပေးကြသည်။

အလားတူ တားမြစ်ချက်များသည် ရှင်ကျန်းတွင် ယခင်ကတည်းက ချမှတ်ထားပြီး ဖြစ်သော်လည်း ယခု တရားဝင် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ယခုတားမြစ်ချက်တွင် ကလေးများ အစိုးရကျောင်းသို့ မတက်ခြင်း၊ မိသားစု စီမံချက်၊ စည်းကမ်းများကို မလိုက်နာခြင်း၊ တရားဝင် အထောက်အထားများကို တမင်ရည်ရွယ်ဖျက်ဆီးခြင်း၊ ဘာသာရေးဓလေ့ တစ်မျိုးတည်းဖြင့် လက်ထပ်ခြင်း စသည်တို့ကို တားမြစ်ထားသည်။လေဆိပ်နှင့် ဘူတာရုံ ဝန်ထမ်းများကလည်း ခန္ဓာကိုယ်နှင့် မျက်နှာကို ဖုံးအုပ်ထားသူများအား ဝင်ခွင့်မပေးဘဲ ရဲကို သတင်းပို့ရမည် ဖြစ်သည်။၎င်းတားမြစ်ချက်များကို ရှင်ကျန်းလွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုလိုက်ပြီ ဖြစ်ပြီး ဒေသဆိုင်ရာ သတင်းဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ထို့ပြင် တရုတ်အာဏာပိုင်များသည် အူဟာလူမျိုးများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း မပြုပေ။

Soure : “thevoicemyanmar”


03 Apr 2017     1,390 Views




RELATED

Most Popular of International News

Most Popular of NEWS