BEC-TERO TV

ဘဝအာမခံချက်မရှိပေမယ့် အချစ်သက်သက်ကြောင့် လက်ထပ်ခဲ့တဲ့ မိန်းမချောလေး

03 Apr 2017     1,315 Views


ကိုယ်ပိုင်အိမ်မရှိ၊ ကိုယ်ပိုင်ကားမရှိသလို ပညာလည်း သိပ်မတတ်တဲ့ ကျောက်မီးသွေးတွင်းတူး အလုပ်သမားလေးနဲ ရုပ်ရည်ချောမောလှပပြီး ပညာတတ်တဲ့ ရုရှားအမျိုးသမီးလေးတစ်ဦး လက်ထပ်လိုက်ကြတယ်ဆိုတဲ့သတင်းက ရေပန်းစားလို့နေပါတယ်။
 
အသက် ၂၈ နှစ်အရွယ် ချန်းဂျင်ယောင်ဆိုသူ တရုပ်အမျိုးသားနဲ့ အသက် ၂၂ နှစ်အရွယ် ဆိုဖီယာဆိုသူ ရုရှားမလေးတို့ ဟေဟီးမြို့က ဟိုတယ်အသေးလေးတစ်ခုမှာ လက်ထပ်ခဲ့ကြပါတယ်။
 
ချန်းဂျင်ယောင်ဟာ မြို့ပေါ်မှာတောင် မနေရတဲ့ ပညာရေးနိမ်းပါးတဲ့ သာမန် ကျောက်မီးသွေးတွင်း အလုပ်သမားလေး တစ်ဦးသာ ဖြစ်ပါတယ်။ ဆိုဖီယာကတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ထဲက နယ်စပ်မြို့လေးဖြစ်တဲ့ ဟေဟီးမြို့ကို တရုပ်စာ သင်ယူဖို့ ရှရှားကနေ ရောက်လာခဲ့တာပါ။ တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီးနောက် တရုပ်ရိုးရားယဉ်ကျေးမှုပိုင်းမှာ ထူးချွန်ခဲ့တာကြောင့် အသိမှတ်ပြုခံခဲ့ရပြီး တရုပ်စကားကို မွှတ်နေအောင် ပြောဆိုနိုင်ခဲ့ပါတယ်။ ကျောင်းပြီးသွားတဲ့အခါ ဆိုဖီယာက ရုရှားကို မပြန်ပဲ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေခဲ့ပါတယ်။
 
 
၂၀၁၆ ခုနှစ်လယ်ပိုင်းမှာ ချန်းဟာ သူ့သူငယ်ချင်းတွေကနေတစ်ဆင့် ဆိုဖီယာနဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ဆိုဖီယာရဲ့ “WeChat” အကောင့်ကို တောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချန်းဟာ အလုပ်ပြီးတိုင်း “WeChat” နဲ့ ဆိုဖီယာကို တစ်ချိန်လုံး ဆက်သွယ် စကားပြောနေခဲ့ပါတယ်။ သူမြို့ပေါ်မှာ ရှိမနေတဲ့ အချိန်တွေမှာလည်း သူငယ်ချင်းတွေနဲ့ မိသားစုတွေကို အကူညီတောင်ပြီး ဆိုဖီယာဆီကို ပန်းတွေပို့ပေးနေခဲ့ပါတယ်။
 
 
ချန်းကို မြင်မြင်ခြင်းပဲ ချစ်မိသွားတယ်လို့ ဆိုဖီယာက ဆိုပါတယ်။ တစ်ပတ်လောက် သူတို့ချိန်းတွေ့ပြီးတဲ့အခါမှာတော့ ဆိုဖီက သူမရဲ့ အလုပ်ကနေ ခွင့်ယူကာ ချန်းရဲ့ ကျောက်မီးသွေးတူးတဲ့ အလုပ်နေရာကို လိုက်လည်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူမရဲ့ အလုပ်ကနေ အပြီးပိုင်ထွက်လိုက်ပြီး ချန်းရဲ့ ကျောက်မီးသွေးတွင်းမှာ နှစ်လလောက်လိုက်နေခဲ့ပါတယ်။ ကျောက်မီးသွေးတွင်းနားက ခပ်နုတ်နုတ်တဲအိမ်၊ အိမ်အပြင်ဘက်မှာ သုံးရတဲ့ ရေချိုးခန်းနဲ့ အိမ်သာ၊ ကြွက်တွေနဲ့ ဖားတွေ လျှောက်ပေးနေတဲ့ နေရာမှာ နေထိုင်ခဲ့တဲ့ ကာလဟာ သူမဘဝမှာ အခက်ခဲဆုံးဖြစ်ခဲ့သလို အပျော်ရွှင်ဆုံး ကာလတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 
 
ချစ်သူသက်တမ်း နှစ်ဝက်လောက်အကြာမှာ ချန်းက လက်ထပ်ခွင့်တောင်းလာတာကို လက်ခံခဲ့ပြီး သူတို့နှစ်ဦး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ လတ်တလောမှာ သူတို့ အိမ်လဲမပိုင်၊ ကားလဲမရှိ၊ စုဆောင်းငွေလဲ မရှိကြပေမယ့် သူတို့မှာ အဖိုးထိုက်တန်တဲ့ ချစ်ခြင်းတွေရှိတယ်လို့ ခံယူထားကြပါတယ်။ မင်္ဂလာဆောင်ပြီးနောက်မှာတော့ ရုရှားကို ပြောင်းရွေ့နေထိုင်ကြပြီး စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဖို့ ရည်ရွယ်ထားကြပါတယ်။ ရုရှားနဲ့ တရူပ်ပြည်ကိုတော့ ကူးချည်သန်းချည်လုပ်နေဦးမယ်လို့ ဆိုပါတယ်။
 
 
မတူညီတဲ့ ယဉ်ကျေးမှု၊ လူမှုပတ်ဝန်းကျင်နဲ့ လက်ထပ်လာကြတာ တရုပ်ပြည်မှာ တစ်စ တစ်စများပြားလာခဲ့ပါပြီ။ ယခုလည်း ပညာတတ်အမျိုးသမီးတစ်ဦးက အိမ်မပိုင် ကားမရှိတဲ့ သာမန်ကျောက်မီးသွေးတွင်းအလုပ်သမား တစ်ယောက်ကို လက်ထပ်ယူလိုက်တယ်ဆိုတဲ့ သတင်းက အွန်လိုင်းသုံးစွဲသူတွေကြား အမြင်အမျိုးမျိုးနဲ့ သတင်းတစ်ပုဒ် ဖြစ်လို့နေပါတယ်။
 

03 Apr 2017     1,315 Views




RELATED

Most Popular of Special or Others

Most Popular of Life Style