BEC-TERO TV

သင်္ကြန်ထမင်းချက်နည်း

07 Apr 2017     3,101 Views


သင်္ကြန်ရောက်တော့မယ် ဆိုတာနဲ့ သင်္ကြန်ထမင်းဟာ မပါမဖြစ်တွဲဖက်တခုဖြစ်ပါတယ်။ သင်္ကြန်ထမင်း က လုပ်ရလဲ လွယ်ကူပြီးတော်တေ်ာများများလဲ ကြိုက်ကြပါတယ်။ သင်္ကြန်ထမင်း ဟာ တစ်နေရာနဲ့ တစ်နေရာ တစ်အိမ်နဲ့ တအိမ် အကြိုက်ပေါ်မူတည်ပြီး ကွဲပြားပေမယ့် သင်္ကြန်ထမင်းရဲ့့ အဓိက ဖြစ်တဲ့ နံ့သာဖြူ အနဲ့ နဲ့ ပျားဖယောင်း အနံ့ ကတော့ မပါမဖြစ်ပါ ။ ပျားဖယောင်း နဲ့ နဲ့သာဖြူ ကို ပရဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။
 
လိုအပ်သော ပစ္စည်းများ မြေအိုး ၊ နံ့သာဖြူ ၊ ပျားဖယောင်း ၊ နနွင်း ၊ ကြက်သွန်နီ ၄လုံး ၊ အဝတ်စအသန့် ၊ ၊ ငါးခြောက်ကြော် ၊ သရက်သီးသုပ် ၊
 
ပြုလုပ်ပုံ အဆင့်ဆင့်
 
မြေအိုး ထဲမှာ နဲ့သာဖြူ ကို မီးမြှိုက်ပေးရပါမယ် ။နှစ်သက်တဲ့ အနံ့ရတဲ့ အထိ မီးမြှိုက်ပေးပြီး ဖယောင်းကို မီးမြှိုက်ပေးရပါမယ်။ ရရှိလာတဲ့ အငွေ့ကို သင်္ကြန်ထမင်းချက်မယ့် မြေအိုးကို အပေါ်ကအုပ်ထားပေးရပါမယ် ။ ထမင်းချက်ပြီးတဲ့ အထိထားရမှာဖြစ်ပါတယ် ။ ထမင်းချက်ရာမှာ သာမာန်ချက်နေကြ ရေထက် ပိုထည့်ပြီးချက်ပေးရပါမယ်။ သင်္ကြန်ထမင်းရဲ့ ထုံးစံအတိုင်း ပျော့ပျော့လေးရအောင်ဖြစ်ပါတယ်။ ထမင်းကျက်တာနဲ့ထမင်းတွေကို ရေ စစ်ထုတ်ပေးရပါမယ် ။ ရေစစ်ပြီးသားထမင်းတွေကို အအေးခံပေးထားရပါမယ်။ ရေခဲထည့်ပြီးအအေးခံလို့လဲ ရပါတယ်။
 
ငါးခြောက်ကြော်
 
သင်္ကြန်ထမင်းရဲ့မပါမဖြစ် တွဲဖက်ဖြစ်တဲ့ ငါးခြောက်ကြော် ရာမှာလဲ ငါးကွန်းရှက် ၊ငါးကြီးခြောက်တွေကိုလဲ သုံးလို့ ရပါတယ် ။ ငါးခြောက်ကို ပြုတ်ထားပြီး မွှမွှလေးဖြစ်အောင်ထောင်းပေးရမှာပါ ။ကြက်သွန်နီ ၄လုံးလောက်ကို ပါးပါးလှီးထားပြီး ကြက်သွန်နီ ကို အရင်ကြော်ပါမယ်။ အရောင်အတွက်လဲ နနွင်းမှုန့်သုံးပေးရမှာဖြစ်ပါတယ်။ ကြက်သွန်ကျက်သွားရင်ဆယ်ထားပေးပြီး ဆီပူပူထဲမှာ ပဲ ငါးခြောက်တွေကို ထည့်ကြော်ပေးရပါမယ်။ ငါးခြောက် တွေကျက်သွားပီဆိုရင်တော့ ဆယ်လို့ ရပါပီ ။ အေးသွားရင်တော့ ငါးခြောက်နဲ့ ကြက်သွန်ကို ရောပေးလိုက်လို့ ရပါပြီ ။
 
သရက်သီးစိမ်းသုပ် 
 
သရက်သီးကို အသေးလေးတွေစိပ်ထားပြီးရေဆေးပြီး ရေစစ်ထားရပါမယ်။သရက်သီးသုပ်ဖို့ အတွက် ပဲ မှုန့် ၊ ဆား ၊ ကြက်သွန်ကြော် (ဆီချက် ) ၊ အစက်ကြိုက်သူတွေအတွက် ငရုပ်သီးမှုန့်လဲ ထည့်ပြီး ရောနယ်ပေးရပါမယ်။ သရက်သီးသုပ်ပေါ်မှာ ကြက်သွန်ကြော်(ဆီချက်) လေးတွေဖြူးပေးထားရပါမယ်။
 
သင်္ကြန်ထမင်းအမွှေးရည်
 
သင်္ကြန်ထမင်းအမွှေးရည် ရဖို့အတွက် အုပ်ထားတဲ့ မြေအိုး ပေါ်ကို အဝတ်အသန့်ကို အုပ်ပြီး လုံအောင်သရေပင်းနဲ့ စည်းထားပေးရပါမယ်။ အပေါ်ကနေ ရေထည့်ပြီး အုပ်ထားရပါမယ်။ ထမင်းကို ပန်းကန်ထဲထည့်ပြီး အုပ်ထားတဲ့ ရေကို လောင်းထည့်ပြီး ငါးခြောက်ကို သရက်သီးသုပ်တို့နဲ့ တွဲဖက်စားသောက်လို့ ရပါပြီ

Ref-7Day Tv


07 Apr 2017     3,101 Views




RELATED

Most Popular of Food

Most Popular of Life Style