BEC-TERO TV

YBS ယာဉ်တိုက်ခံရမှုကြောင့် MRTV-4 မှ အားကစားအစီစဉ်တင်ဆက်သူ ကွယ်လွန်

10 Apr 2017     1,443 Views


ဧပြီလ ၉ ရက် ညပိုင်းက ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားမုခ်ဦးရှေ့တွင် လမ်းဖြတ်ကူးစဉ် YBS ယာဉ်လိုင်းအမှတ်(၂၉) တိုက်ခံခဲ့ရသူမှာ MRTV-4 မှ အားကစားအစီစဉ် တင်ဆက်သူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
 
 
MRTV-4 မှ အားကစားအစီစဉ် တင်ဆက်သူ ကိုအောင်တင့်လွင်သည် လမ်းဖြတ်ကူးစဉ် YBS ယာဉ်တိုက်ခံမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီး အရေးပေါ်လူနာဆောင်တွင် ကုသမှုခံယူနေစဉ် ဧပြီလ (၁၀)ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
 
 
ကွယ်လွန်ချိန်တွင် ကိုအောင်တင့်လွင်၏ အသက်မှာ (၂၅)နှစ်သာ ရှိသေးသည်။ ကိုအောင်တင့်လွင် ကောင်းရာသုဂတိလားပါစေ.. 
 
 
Photo:AungTintLwin
Video:Eleven

10 Apr 2017     1,443 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS