BEC-TERO TV

နားထဲရေဝင်လျှင်

11 Apr 2017     3,099 Views


မင်္ဂလာပါ မိတ်ဆွေတို့ရေ။ မကြာခင် သင်္ကြန်ရောက်တော့မယ်နော်။ သင်္ကြန်မှာ ရေကစားရင် နားထဲ ရေမဝင်အောင် သတိထားကြဖို့ ကြိုတင်သတိပေးလိုက်ပါရစေ။ 
 
အကယ်၍ မတော်တဆ နားထဲရေဝင်သွားခဲ့ရင် ခုန်ခြင်း၊ နားကို စောင်းပြီးခုန်ခြင်း စသဖြင့် ရေပြန်ထွက်အောင် လုပ်နိုင်ကြပါတယ်။ ရေပြန်မထွက်ပဲ ကြာနေရင် နားအုံခြင်း၊ နားအူခြင်း၊ ပြည်တည်ခြင်းများဖြစ်သွားပြီး အခန့်မသင့်လျှင် နားကန်းသွားသည်အထိ ဖြစ်သွားကြတဲ့ သာဓကပေါင်းများစွာ ရှိနေပါတယ်။
 
အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ မပေါက်ရလေအောင် သတိဆောင်ထားကြစေလိုပါတယ်။ နားအတွက် ဆေးနည်းများကို လေ့လာကြည့်လိုက်တဲ့အခါ မျက်စိမှာရေ၊ နားမှာဆီ၊ ဒန္တီမှာဆား၊ ဝမ်းမှာခါး ဆိုသည့်အတိုင်း နားအတွက် အကောင်းဆုံးဆေးဟာ ဆီဖြစ်နေတာကို တွေ့ရပါတယ်။ နားအတွက် ဆီဖြင့်ကုသသည့် နည်းပေါင်းများစွာထဲက အကောင်းဆုံးနည်းကို ရေးသားမျှဝေပေးလိုက်ပါတယ်။
 
နားထဲရေဝင်လျှင် ကုသရန်ဆေးနည်း
 
(၁) မုန်ညင်းဆီ သို့မဟုတ် နမ်းဆီစစ်စစ်ကို ကြေးဇွန်းထဲ ထည့်ပါ။
 
(၂) ဇွန်းအောက်က ဖယောင်းတိုင်မီးနဲ့ အပူပေးပါ။ တစ်မိနစ်ခန့်ကြာလျှင် ဆီများ ဆူပွတ်လာမည်။
 
(၃) အောက်ချပြီး ခဏအအေးခံပါ။
 
(၄) ခပ်နွေးနွေးလေးဖြစ်ရင် ၄င်းဆီကျက်ကို နားထဲ ထည့်ပါ။
 
(၅) ခဏလေးထားပြီးရင် ဆီပြန်ထွက်လာအောင် နားကို စောင်းပေးပါ။
 
(၆) ဆီနဲ့အတူ ရေ၊ နားချေး စသည်တို့ အတူရောထွက်လာမည်။
 
(၇) နားကိုက်မပျောက်မချင်း တစ်နေ့နှစ်ကြိမ်နဲ့ ၃ရက်ဆက်တိုက် ပြုလုပ်ပေးနိုင်ပါတယ်။
 
သတိပြုရန် နားထဲကို နားကြပ်သည့် ဂွမ်းတံများ၊ နားဖာကလော်များ၊ ကြက်တောင်များဖြင့် ထိုးထည့်၍ ကလိခြင်းများ မပြုလုပ်သင့်ပါ။ အမွေးနုများဖြင့် ဝန်းရံထားသော အလွန်နူးည့ံသည့် နားအတွင်းပိုင်းသို့ ပြင်ပမှ ဖုံမှုန့်၊ နားချေးချောက်များ ဝင်သွားလျှင် ရာသက်ပန် နားကန်းသွားနိုင်သည့်အထိ အန္တရာယ်ရှိပါတယ်။ သင်္ကြန်မှာ ရေကစားကြမည့် သင့်မိတ်ဆွေများအတွက်လည်း Share ပေးလိုက်ကြပါဦး။ လူသားအားလုံး ကျန်းမာချမ်းသာနိုင်ကြပါစေ။
 
 စောနွဲ ့နေဆိုင် (ပူတာအို)

11 Apr 2017     3,099 Views




RELATED

Most Popular of Health Fix

Most Popular of Life Style