BEC-TERO TV

ရွှေရင်အေး

11 Apr 2017     3,485 Views


ရွှေရင်အေးကိုမြန်မာပြည်မှာတော့အလွယ်တကူဝယ်စားလို့ရပေမယ့် ကိုယ်တိုင်လုပ်စားလို့လဲ ရပါတယ်။ သင်္ကြန် ရက်တေွမှာလဲ ရွှေရင်အေးဟာ မပါမဖြစ် ရာသီစာလေးလံ ဖြစ်ပါတယ် ။ ရွှေရင်အေးတခွက်ရဖို့အတွက်ပြင်ဆင်ရတဲ့ အဆင့်တွေလဲ များပါတယ်။

ရွှေရင်အေးအတွက်လိုအပ်သောပစ္စည်းများ
 
အုန်းနို့ကျောက်ကျော ကျောက်ကျော (နှစ်သက်ရာအရောင်)အစိမ်း / အနီ မုန့်လက်ဆောင်းဖတ် သာကူစေ့ ပေါင်မုန့် ကောက်ညင်းပေါင်း အုန်းနို့သကြားရည် နို့စိမ်း (နှစ်သက်က) ဆေးကုလားမ ရေခဲတုံး
 
(၁)အုန်းနို့ကျောက်ကျော ************** ကျောက်ကျောမုှန့် -၁၀ ဂရမ် သကြား -၂၅၀ ဂရမ် အုန်းနို့ခရင်မ် - ၂၀၀ml ရေ - ၈၀၀ ml အိုးတခုတွင်သကြား၊ရေ၊အုန်းနို့၊ကျောက်ေ ကျာမှုန့်တို့ကိုထည့့်ပြီးသမအောင်မွေပြီးမီးဖိုတွင်ကျိုပါ။ဆူပွက်ပါကဘမ်းတွင်သွန်ထည့်ပြီးအအေးခံထားပါ။❀❀အုန်းနို့ပမာဏများပါကကျောက်ကျောနှစ်လွှာမမြင်ရဘဲအဖြူရောင်တစ်ထပ်တည်းဖြစ်တတ်ပါတယ်။
 
(၂)ကာလာကျောက်ကျော ************** ကျောက်ကျောမုှန့် -၁၀ ဂရမ် သကြား -၂၅၀ ဂရမ် ရေ - တစ်လီတာ အိုးတခုတွင်သကြား၊ရေကျာက်ကျောမှုန့် တို့ကိုထည့်ပြီးသမအောင်မွေပြီးမီးဖိုတွင်ကျိုပါ။ဆူပွက်ပါကခွက်တွင်နှစ်ခွက်ခွဲ၍သွန်ထည့်ပြီးနှစ်သက်ရာအရောင်၊အစိမ်းအနီထည့် ပြီးသမအောင်မွေပြီးအအေးခံထားပါ။
 
(၃)အုန်းနို့သကြားရည် ************ အုန်းသီးမှအရည်ညစ်ထားသောအုန်းရည်သို့မဟုတ်readymadeဘူးကိုကိုုယ်နှှစ်သက်ရာအနေထားထိရေရောပါ။သကြားထည့်ပြီးပျော်အောင်မွေပြီးအအေးခံထားပါ။နို့စိမ်းကိုတခါတည်းရောလိုကရောထားပါ။
 
(၄)ကောက်ညင်းကိုရေစိမ်ပြီးပေါင်းထားပါ။
 
(၅)သာကူစေ့ကျိုရန်အိုးတခုတွင်ရေထည့်ပြီးဆူပွက်အောင်တည်ပါ။သာကူစေ့ကိုရေဆေးထားပါ။ရေဆူပါကသာကူစေ့ချပြီးအိုးမကပ်အောင်မွေပေးပါ။အရောင်ဖြင့်လိုချင်ပါကအရောင်ထည့်ပါ။ပြန်ပြီးဆူပွက်ပါကမီးပိတ်ပြီးအဖုံး၅မိနစ်ခန့်အုပ်ထားပါ။အတွင်းမှဝတ်ဆံလေးများပျောက်သွားပါကဇကာတွင်သွန်ချပြီးရေစစ်ကာရေအေးလောင်းကာခွက်တခုတွင်ထည့်ထားပါ။
 
(၆)ဆေးကုလားမကိုရေစိမ်ထားပါ။(အချို့လည်းအရောင်လေးထည့်ပါတယ်)
 
(၇)မုန့်လက်ဆောင်းဖတ်ကိုတော့စျေးကဝယ်ယူပြီးရေခဲထည့်ကာအေးအောင်ပြုလုပ်ထားပါ။ကိုယ်တိုင်ပြုလုပ်လိုပါကမုန့်လက်ဆောင်းလုပ်နည်းမှာမုန့်ဖက်လုပ်နည်းတင်ပေးထားပါတယ်။
 
(၈)ကာလာကျောက်ကျောလေးများကိုခြစ်ဖြင့်အမျှင်လေးများခြစ်ထားပါ။အုန်းနို့ကျောက်ကျောကိုထူထူလှီးထားပါ။
 
(၉)ပါဝင်ပစ္စည်းအားလုံးအသင့်ဖြစ်ပါကပန်းကန်တွင်ကျောက်ကျော၊ပေါင်မုန့်၊သာကူစေ့၊မုန့်လက်ဆောင်း၊အုန်းနို့ကျော က်ကျော၊ဆေးကုလားမကောက်ညင်းေ ပါင်းတို့ကိုထည့်ပါ။စားခါနီးမှသာအုန်းနို့သကြားရည်နှင့်နို့စိမ်း၊ ရေခဲတုံးလေးများထည့်ကာသုံးဆောင်နိုင်ပြီ ဖြစ်ပါတယ် ။

Credit:Sofia food Paradise


11 Apr 2017     3,485 Views




RELATED

Most Popular of Food

Most Popular of Life Style