BEC-TERO TV

အမျိုးသမီးဖက်ရှင်လောကမှာ ခေတ်စားလာတဲ့ အတွင်းခံဘောင်ဘီ

16 Apr 2017     3,092 Views


အားကစားဘောင်းဘီအကျပ်၊ ရေကူးဝတ်စုံ ဒါမှမဟုတ် ဂျင်းဘောင်းဘီ ခပ်ကျပ်ကျပ်ဝတ်တတ်တဲ့ အမျိုးသမီးတွေအတွက် အတွင်းခံဘောင်းဘီကောင်းဖို့ လိုအပ်ပါတယ်။ အကယ်၍ အတွင်းခံဘောင်းဘီက သိပ်မကောင်းဘူးဆိုရင်တော့ ဘောင်းဘီက ကျပ်တဲ့အတွက် ပေါင်နှစ်လုံးကြားထဲမှာ အရာအမြှောင်း ပေါ်လာတတ်ပါတယ်။


ဒီလိုဆိုရင်တော့ အမျိုးသမီး အတော်များများက ရှက်စရာကောင်းပြီး မျက်နှာမထားတတ်အောင် မလုံမလဲ ဖြစ်တတ်ကြပါတယ်။
ဒါပေမယ့် အခုဆိုရင် ဖက်ရှင်လောကကြီးက ပြောင်းလဲသွားပြီလို့ ဆိုရမလားပဲ၊ ပေါင်းကြားမှာ အမြှောင်းအရာ မပေါ်ပေါ်အောင် တစ်မင်တီထွင်ထားတဲ့ အမျိုးသမီးအတွင်းခံတွေက ခေတ်စားလို့လာပါပြီ။


ကုလားအုပ်ရဲ့ ခြေချောင်းနှစ်ခွ သဏ္ဍန်နဲ့တူလို့ “Camel Toe” လို့ တင်စားထားတဲ့ အတွင်းခံဘောင်းဘီဟာ ဆီလီကွန်နဲ့ ဘောင်းဘီရဲ့ အရှေ့ဘက်မှာ အမြှောင်းရာပုံသဏ္ဍန် ဖော်ထားပြီးသားမို့ ဝတ်လိုက်တာနဲ့ တစ်ပြိုင်နက် အမြှောင်းရာအတုက ထင်းကနဲ ပေါ်လွင်စေမှာဖြစ်ပါတယ်။ ဒီလိုအတွင်းခံဘောင်းဘီကို “Party Pants” လို့လည်း ခေါ်ကြပါသေးတယ်။


ဂျပန်ကုမ္ပဏီတစ်ခုက လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်ထဲက ချုပ်လုပ်ရောင်းချခဲ့တဲ့ အဆိုပါအတွင်းခံ ဘောင်းဘီတွေဟာ အခုဆိုရင် အလွန်ကို ရောင်းအားသွက်လာပြီး ပေါ်ပြူလာဖြစ်လို့နေပါတယ်။ ဒီအတွင်းခံဘောင်းဘီရဲ့ ဈေးကွက်ကို လိင်ပြောင်းထားတဲ့ အခြောက်မတွေကို ပစ်မှတ်ထားပြီး ထုတ်လုပ်ခဲ့တာလို့ ကုမ္ပဏီရဲ့ဈေးကွက်ဌါနက ဆိုပါတယ်။ ဆီလီကွန်နဲ့ချုပ်ထားတဲ့ ဘောင်းဘီဖြစ်တဲ့အတွက် သူတို့အတွက် အဓိကနေရာကို ထင်းနေစေပါတယ်လို့ ပြောပါတယ်။
အသားအရောင်တွေ မတူညီကြတဲ့အတွက် ဘောင်းဘီတွေကိုလည်း အဓိကအားဖြင့် အရောင်(၄)မျိုး ခွဲပြီး ထုတ်လုပ်ထားပါတယ်။


အံ့သြစရာကောင်းတာက ဒီအတွင်းခံဘောင်းဘီတွေကို အမျိုးသမီးတွေကပါ ညှို့ယူဖမ်းစားနိုင်တယ်ဆိုပြီး ဝယ်ယူဝတ်ဆင်လာတာတွေ များပြားလာတာကို တွေ့ရှိရပါတယ်။
 


အကယ်၍ ဒီလိုအမြှောင်းထနေတာက ရှက်စရာကောင်းတယ်၊ မဝတ်ရဲဘူး ဒါမှမဟုတ် သာမန်အတွင်းခံဘောင်းဘီ ဝတ်ရင်တောင် အမြှောင်းပေါ်နေတဲ့ အမျိုးသမီးတွေအတွက် အမြှောင်းမပေါ်အောင် ကာကွယ်ပေးနိုင်တဲ့ အခြားပစ္စည်းတစ်ခုကိုလည်း ထုတ်လုပ်ပေးထားပါတယ်။
 


16 Apr 2017     3,092 Views




RELATED

Most Popular of Special or Others

Most Popular of Life Style