BEC-TERO TV

အာဖဂန်နစ်စတန်တွင် အမေရိကန်ဗုံးကျဲခဲ့သည့် မြေအောက်လှိုဏ်ခေါင်းမှာ CIA ၏နေရာဖြစ်ကြောင်း ဝီကီလိခ်ဖွင့်ချ

17 Apr 2017     1,413 Views


လတ်တစ်လောတွင် အာဖဂန်နစ်စတန် အရှေ့ပိုင်းရှိ ISIS မြေအောက်ကျင်းတစ်ခုကို အမေရိကန်အစိုးရက အကြီးဆုံးဗုံးတစ်လုံးဖြစ်သည့် GBU-43 ကို ဝေဟင်မှကျဲချ ဖေါက်ခွဲခဲ့သည်။ အဆိုပါဖောက်ခွဲမှုအပေါ် ဝီကီလိခ်စာမျက်နှာက အမေရိကန်အစိုးရအနေနဲ့ ကိုယ့်နေရာကိုယ် ကျဲချဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။


အာဖဂန်နစ်စတန်နှင့် ပါကစ္စတန်တို့ရှိ ISIS ၏အဖွဲ့ခွဲတစ်ခုဖြစ်သည့် ISIS-K ကို ပစ်မှတ်ထားပြီး သူတို့၏ ခိုအောင်းရာ ဂူများ၊ ဗုံးခိုကျင်းများကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အစိုးရက ဒေါ်လာ ၃၁၄ သန်းတန်သည့် “ဗုံးတို့၏မိခင်”ဟု တင်စားထားသည့် GBU-43 ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အလေးချိန် ပေါင် ၂၁,၆၀၀ လေးသည့် အဆိုပါဗုံးကို MC-130 လေယာဉ်ဖြင့် တင်ဆောင်ကာ ပါကစ္စတန်နှင့် အာဖဂန်နယ်စပ်ရှိ နန်ဂါဟာ ဒေသရှိ မြေအောက်လှိုက်တစ်ခုပေါ်သို့ ဧပြီလ ၁၃ ရက်န့က ကျဲချခဲ့ခြင်းဖြစ်သည်။


ဗုံးကျဲချမှုကြောင့် အစ္စလာမ်စစ်သွေးကြွ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သား ထိခိုက်မှုမရှိခဲကြောင်း အာဖဂန်နစ်စတန် ကာကွယ်ရေး စစ်တပ်မှ ကြေငြာခဲ့သည်။
သိပ်မကြာခင်မှာတော့ ကမ္ဘာထိပ်တန်းသတင်းလျှို့ဝှက်ချကတွေကို ဖော်ထုတ်ရေးသားနေကျ ဝီကီလိခ်စာမျက်နှာမှ အမေရိကန်တွေကျဲချမိသော နေရာမှာ CIA ကတည်ဆောက်ထားတဲ့ ဗုံးခိုကျင်းဖြစ်ပြီး ကိုယ့်နေရာကို ကိုယ်ပြန်ကျဲချခဲ့မိခြင်းဖြစ်ကြောင်း ဖော်ထုတ်ရေးသားခဲ့သည်။
 


ဝီကီလိခ်၏ ဖော်ပြချက်နှင့်အတူ ၂၀၀၅ ခုနှစ်က The New York Times က ဖော်ပြရေးသားခဲ့သည့် ဆောင်းပါးကိုပါ ယှဉ်တွဲ၍ မျှဝေမှုများရှိခဲ့သည်။ The New York Times ၏ ဆောင်းပါးတွင် “Tora Bora” ဟူသော နေရာဒေသတွင် ရှိသည့် ဂူများ၊ ဗုံးခိုကျင်းများကို ညွှန်ပြထားခဲ့ပြီး အဆိုပါနေရာများသည် ၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်က အိုစမာဗင်လာဒင် အသုံးပြုခဲ့ဖူးသော နေရာများဖြစ်ခဲ့သည်။ အဲသည်နောက်မှာတော့ ဆိုဗီယက်ရဲ့ သိမ်းပိုက်ထားမှုကို တွန်းလှန်သည့် ဂျီဟာဒ်စစ်သားများကို CIA ကငွေကြေးထောက်ပံ့ခဲ့ပြီး ယင်းထောက်ပံ့မှုများနှင့် ရှုပ်ထွေးလှသည့် မြေအောက်လှိုဏ်ခေါင်းများ တူးဖော်ခဲ့သည့်အတွက် အချို့လှိုဏ်ခေါင်းများမှာ CIA ရဲ့ ငွေကြေးများပါနေကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။


CIA ရဲ့ ဝန်ထမ်းဟောင်း ဖြစ်ခဲ့ဖူးသူ Edward Snowden ဆိုသူက သူ၏တွစ်တာကနေ သူတို့ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် အာဖဂန်မှာ စစ်ပွဲတွေဆက်လက်ဖြစ်ပွားရင်း အဆိုပါ လှိုဏ်ဂူများကို ISIS အဖွဲ့မှသိမ်းပိုက်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ အမေရိကန်သမ္မတ ​ဒေါ်နယ်ထရန့်က သူ့ရဲ့စစ်ဆင်ရေး အောင်မြင်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သည်။


CIA ရဲ့ ဝန်ထမ်းဟောင်းဖြစ်သူ Edward Snowden ကတော့ ကိုယ်က ဒေါ်လာသန်းပေါင်းများစွာ ကုန်ကိခံထားတဲ့နေရာကို ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဗုံးနဲ့ပြန်လည်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
 


17 Apr 2017     1,413 Views




RELATED

Most Popular of International News

Most Popular of NEWS