BEC-TERO TV

ရည်းစားနဲ့ ပြဿနာဖြစ်ပြီး Facebook Live လွှင့်ကာ လမ်းမှာတွေ့တဲ့လူကိုသတ် သူလွတ်မြောက်နေဆဲ(ရုပ်/သံ)

18 Apr 2017     1,357 Views


အသက် ၃၇ နှစ်အရွယ် စတိဗ် စတက်ဖန်ဆိုသူ အမျိုးသားသည် ရန်ငြိုးရန်စမရှိပဲ လမ်းတွင်ကြုံတွေ့ခဲ့သည့် အသက် ၇၄ နှစ်အရွယ် အဖိုးအိုအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပုံကို ၎င်း၏ ဖေ့စ်ဘွခ်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ထွက်ပေးလွတ်မြောက်နေဆဲ တရားခံပြေးအဖြစ် ဆုငွေဒေါ်လာ ၅၀,၀၀၀ ထုတ်ထားကာ တစ်နိုင်ငံလုံး မြေလှန်ရှာလျှက်ရှိသည်။
 


ဧပြီလ ၁၆ ရက်နေ့က သားသမီး ၁၀ ဦး၊ မြေး ၁၄ ယောက်တို့ရဲ့ အဘိုးဖြစ်သူ အသက် ၇၄ နှစ်အရွယ် Godwin ဆိုသူ အဖိုးအိုက သားသမီးတစ်ဦး၏ အိမ်တွင် မိသားစုစုံညီ တွေ့ဆုံစားသောက်ခဲ့ကြပြီး အိမ်သို့ တစ်ဦးတည်း လမ်းလျှောက်ပြန်လာခဲ့သည်။

တချိန်တည်းမှာပင် အသက် ၃၇ နှစ်အရွယ် Steve Stephens ဆိုသူက ရည်းစားနှင့်ပြဿနာတက်ကာ ကားမောင်းပြီး ပြန်လာရာလမ်းတစ်လျှောက်တွင် သူ၏ဖေ့စ်ဘွခ်မှ တိုက်ရိုက်ထုတ်လွှင့်ကာ စကားများပြောလာခဲ့သည်။ 


ထိုအချိန်တွင် ပလက်ဖောင်းပေါ်၌ တစ်ဦးတည်းလျှောက်လာသော အဖိုးအိုကို တွေ့သည့်အခါ ကားကိုရပ်လိုက်ပြီး သေနတ်ကိုင်ကာ ဆင်းလာခဲ့သည်၊ တစ်ဖက်တွင်လည်း မိုဘိုင်းဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်ကာ သူ၏ရည်းစားကို မင်းအတွက်ကြောင့် လူသတ်မယ်ဟု ပြေကြားကာ အဖိုးအိုကို သေနတ်နှင့်ချိန်လျှက် သူ၏ရည်းစားနာမည်ကို ပြောကာ ရွတ်ဆိုခိုင်းခဲ့သည်။ အဲသည်နောက် ဒါတွေအားလုံးမင်းကြောင့် ဖြစ်ရတာဟု သူ၏ရည်စားကို ဖေ့စ်ဘွခ် တိုက်ရိုက်ထုတ်လွှင့်မှုကနေ ပြောပြီး အဖိုးအိုကို ပစ်သတ်ခဲ့သည်။


ထို့နောက် ကားပေါ်ပြန်တက်ကာ ထွက်ပြေးသွားခဲ့ရာ ယခုတိုင်လွတ်မြောက်နေဆဲရှိပြီး ရဲများက နယူးယောခ့်၊ ပန်ဆယ်ဗားနီးယား၊ အင်ဒီယာနာ သို့မဟုတ် မီချီကန်မြို့ တစ်နေရာရာတွင် ရှိနေလိမ့်မည်ဟု ယူဆကာ ဆက်လက်ရှာဖွေလျှက်ရှိသည်။

Stephens က သူယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် လူသတ်လာတာ ၁၂ ယောက်ရှိပြီ၊ ၁၅ ယောက်ရှိပြီဟု သူရဲ့ ဖေ့စ်ဘွတ်ပို့စ် တစ်ခုစီမှာ သီးခြားရေးသားထားတာကို တွေ့ခဲ့ရပြီး၊ ယခုလူသတ်မှုတစ်ခုသာ အတည်ပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


သူနှင့် သုံးနှစ်တာတွဲလာခဲ့သည့် ရည်းစားဟောင်း Joy Lane ဆိုသူက အာဏာပိုင်များနှင့် ပူးပေါင်းကာ ရှာဖွေရေးတွင် အကူအညီပေးနေကြောင်း သိရှိရသည်။ Stephens ၏ မိခင်ဖြစ်သူကလည်း သားဖြစ်သူ လူသတ်မှုမဖြစ်ခင်က သူထံသို့ရောက်လာပြီး “အမေ ကျွန်တော်ကို နောက်တစ်ခါ ပြန်တွေ့ရတယ်ဆိုရင် အဲဒါတစ်ကယ်ထူးဆန်းလို့ လို့မှတ်ပါ” ဟု လာရောက်ပြောဆိုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
 


18 Apr 2017     1,357 Views




RELATED

Most Popular of International News

Most Popular of NEWS