BEC-TERO TV

သမီးနှင့်လက်ထပ်မည့် မည်သည့်ယောက်ျားကိုမဆို ဒေါ်လာသန်း ၁၈၀ ပေးမည်ဟု ဟောင်ကောင်သူဌေးတစ်ဦးကြေညာ

24 Apr 2017     1,645 Views


ဟောင်ကောင်နိုင်ငံက ဘီလီယံနာသူဌေးတစ်ဦးဖြစ်သူ Cecil Chao Sze-tsung က သူ၏သမီးနှင့် လက်ထပ်မည့် မည်သည့် အမျိုးသားကိုမဆို ဒေါ်လာ ၆၅ ဘီလီယံတင်တောင်းမည်ဟု ကြေညာထားရာကနေ ဒေါ်လာ ၁၈၀ ဘီလီယံထိ တိုးပေးခဲ့ပါတယ်။
 
 
အဲဒီအချိန်မှာ သူရဲ့ သမီးဖြစ်သူ Gigi ဟာ အခြားအမျိုးသမီးတစ်ဦးဖြစ်တဲ့ Sean Eva ဆိုသူနဲ့ ရည်ငံနေပြီး စေ့စပ်ထားပြီးကာစ အချိန်လည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၉ နှစ်ကြာ တွဲလာခဲ့ကြတဲ့ ချစ်သူတွေလည်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူက မိန်းမခြင်းကြိုက်နေကြတဲ့ အဖြစ်ကို လက်မခံနိုင်ပဲ သမီးဖြစ်သူကို လက်ထပ်မည့် မည်သည့် အမျိုးသားယောက်ျားကိုမဆို ဒေါ်လာဘီလီယံ ၁၈၀ ပေးမယ်လို့ ကမ္ဘာနဲ့အဝှမ်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ 
 
 
ဒီအဖြစ်အပျက်လေးက ၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာပဲ Gigi နဲ့ Sean တို့ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ ဖခင်ဖြစ်သူကတော့ ဒီမင်္ဂလာပွဲကို အသိအမှတ်မပြုပဲ သူ့သမီးကို အပျိုလူလွတ်သဖွယ်သာ သဘောထားခဲ့ပြီး ဒေါ်လာဘီလီယံ ၁၈၀ ပေးဖို့ သတို့သား အလိုရှိတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီသတင်းဟာ အကြီးအကျယ်ပျံ့နှံ့သွားတဲ့အတွက် Gigi က ဖခင်ဖြစ်သူကို စိတ်ဆိုးပြီး စကားများရန်ဖြစ်ခဲ့ကြပါသေးတယ်။ 
 
နှစ်အတော်လေးကြာ သားအဖနှစ်ဦး အဆက်ပြတ်နေခဲ့ပြီး Gigi က သူ့ဖခင်ဆီကို အိပ်ဖွင့်ပေးစားတစ်စောင် ရေးသားခဲ့ပြီး အဆိုပါစာကို တရုပ်သတင်းစာတစ်စောင်ဖြစ်တဲ့ South China Morning Post မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
စာထဲမှာတော့ ကျွန်မတို့သားအဖ နှစ်ယောက် ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောဖို့လိုနေပြီလို့ သူမထင်တဲ့အတွက် ဒီစာကို ရေသားခဲ့တာလို့ အစချီထားပါတယ်။ သူမအနေနဲ့ ဖခင်ကို ချစ်ခင်ပြီး အစစအရာရာမှာ စံထားခဲ့ပြီး ဖခင်ကို ပျော်ရွှင်စေချင်ကြောင်း။ ဒါပေမယ့် သူမအပေါ်မှာ ဖခင်တစ်ယောက်အနေနဲ့ မျှော်လင့်ထားခဲ့တဲ့ ကိစ္စက သူမအတွက် အဆင်မပြေကြောင်း။ သူမကိုယ်သူမ အကြိမ်ကြိမ် ပြန်သုံးသပ်ကြည့်ပြီးတဲ့နောက် သူမဟာ မိန်းမချင်းချစ်ကြိုက်တတ်တဲ့ အမျိုးသမီးဖြစ်နေပြီး လက်ရှိဘဝမှာလည်း စိတ်ချမ်းသာ ပျော်ပိုက်နေကြောင်း။ ဟောင်ကောင်မှာ အမျိုးကောင်းသာတွေ အများကြီးရှိပေမယ့် သူမအတွက် ဟုတ်ကြောင်း ရေးသားခဲ့ပြီး နောက်ဆုံးမှာ ချစ်ခြင်းတရားက ဆန်းကြယ်တဲ့အတွက် သူမရဲ့ လက်ရှိအနေအထားအပေါ် ဂုဏ်ယူကျေနပ်ကြောင်း အဆုံးသတ်ထားပါတယ်။
 
 
အဆိုပါစာနဲ့ ပက်သက်ပြီး ဟောင်ကောင်သူဌေးကြီး Cecil က ဘာမှပြန်လည် တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ချစ်ခြင်းတရားဆိုတာ လုပ်ယူလို့လည်းမရသလို၊ အတင်းအကျပ်စေခိုင်းလို့လည်း မရနိုင်ပါဘူး၊ တစ်ပြိုင်နက်ထဲမှာ တယ်ယူလို့လည်း မရတဲ့အရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ကိုယ်တစ်ကယ်ချစ်မြတ်နိုးတဲ့သူကို ချစ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အကြောင်းကို ဖခင်ဖြစ်သူကို သိစေချင်ခဲ့တာဖြစ်ပါတယ်။ 
ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ သမီးကို လက်ထပ်ယူမယ့် ယောက်ျားကိုတော့ ဒေါ်လာ ၁၈၀ ဘီလီယံပေးဖို့ သူဌေးကြီးက မျှော်လင့်နေဦးမှာ ဖြစ်ပါတယ်။
 

24 Apr 2017     1,645 Views




RELATED

Most Popular of Special or Others

Most Popular of Life Style