BEC-TERO TV

လမ်းဘေးကခွေးပေါက်စလေးအတွက် ငိုယိုတောင်းပန်ခဲ့တဲ့ မူလတန်းကလေးငယ်(ရုပ်/သံ)

25 Apr 2017     1,376 Views


တရုပ်နိုင်ငံက အသက် ၄ နှစ်သာရှိသေးတဲ့ မူလတန်းကျောင်းသူလေးက ကျောင်းသို့ သွားတဲ့လမ်းပေါ်မှာ အိမ်ခြေမဲ့ ခွေးပေါက်စလေးတစ်ကောင်ကို သနားတာနဲ့ သူ့ရဲ့ ကျောပိုးအိတ်လေးထဲမှာ ထည့်ဖွက်ပြီး ကျောင်းကို ခေါ်လာခဲ့ပါတယ်။
 
ဒါပေမယ့် ကျောင်းရောက်တဲ့အခါ ကျောပိုးအိတ်ထဲက ခွေးလေးက ဟောင်နေတဲ့အတွက် ဆရာမက သိသွားပြီး သူ့ကိုကျောင်းရုံးခန်းထဲ လာခဲ့ဖို့ ပြောလိုက်ပါတယ်။ ကလေးမလေးက သူ့ဆရာမတော့ ခွေးလေးကို လွှင့်ပစ်တော့မှာပဲလို့ တွေးမိပြီး ဝမ်းနည်းလာကာ ရှိုက်ကြီးတစ်ငင်ငင်နဲ့ “ဆရာမရယ် ခွေးလေးက မကိုက်ပါဘူး၊ သူ့ကို မလွှင့်ပစ်ပါနဲ့နော်” လို့ သနားစရာကောင်းလောက်အောင် မျက်ရည်စက်လက်နဲ့ အထပ်ထပ်အခါခါ ငိုယိုတောင်းပန်ခဲ့ပါတယ်။
 
ဆရာမက သူ့ရဲ့မိဘတွေကို ကျောင်းကို ခေါ်လိုက်ပြီး ခွေးလေးကို မွေးစားပေးဖို့ ပြောတဲ့အခါ သူ့ရဲ့မိဘတွေက သဘောတူခဲ့ပါတယ်။ သူမမှာ အမွှာညီအစ်မတစ်ယောက်ရှိသေးပြီး အဲဒီအတိုင်မီထဲက ခွေးလေးကို သူစားမယ့်မုန်တွေ အမြဲကျွေးမွေးကြောင်း သိရှိရပါတယ်။ သူမရဲ့ ငိုယိုတောင်းပန်နေတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်က လူတွေရဲ့ သနားခြင်းနဲ့ ချစ်ခြင်းတွေ အကုန်လုံးကို သိမ်းယူသွားနိုင်ခဲ့ပါတယ်။
 

25 Apr 2017     1,376 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family