BEC-TERO TV

ထိုင်းအိုးပင်းကရာတေးဒိုပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်သုံးခုအပါအ၀င် ဆုတံဆိပ် ၁၀ ခု ရရှိ

26 Apr 2017     1,502 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဧပြီ ၂၀ ရက်မှ ၂၄ ရက်အ ထိ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ ၌ မြန်မာကရာတေးဒိုအဖွဲ့က ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်ခြောက်ခု ဆွတ်ခူးနိုင်ခဲ့သည်။ ရွှေတံဆိပ်ဆုများကို အမျိုး သားတစ်ဦးချင်း ခတပြိုင်ပွဲတွင် မင်းဟိန်းခန့်၊ အမျိုးသမီး တစ်ဦး ချင်း ကုမိတဲ့ ၆၈ ကီလိုအထက် ပြိုင်ပွဲတွင် ၀င်းသူဇာမင်းနှင့် အ သင်းလိုက် ခတပြိုင်ပွဲတွင် သဇင် အေး၊ ပိုးမြာနှင့် ဆွေဆွေအောင် တို့အတွဲက ရယူပေးခဲ့သည်။ 

ငွေ တံဆိပ်ဆုကို အမျိုးသားတစ်ဦး ချင်း ကုမိတဲ့ ၅၅ ကီလိုအောက် ပြိုင်ပွဲတွင် ၀င်းရန်ပိုင်က ရယူနိုင်သည်။ ကြေးတံဆိပ် ဆုများကို အမျိုးသားတစ်ဦးချင်း ခတပြိုင်ပွဲ တွင် ကျော်ဇင်ဖြိုး၊ အမျိုးသမီး တစ်ဦးချင်း ခတပြိုင်ပွဲတွင် ရည် နွယ်ထွန်း၊ အမျိုးသားတစ်ဦးချင်း ကုမိတဲ့ ၇၅ ကီလိုအောက်ပြိုင်ပွဲ တွင် စိုင်းဉာဏ်လင်း၊ အမျိုးသား တစ်ဦးချင်း ကုမိတဲ့ ၈၄ ကီလို အောက်ပြိုင်ပွဲတွင် ခင်ညွန့်တို့က ရယူပေးခဲ့သည်။ ထို့အပြင် အသင်းလိုက် ကုမိတဲ့ ပွဲစဉ်များတွင် မြန်မာကရာတေးဒို အမျိုးသားအသင်းက အိန္ဒိယအသင်းကိုအနိုင်ရရှိပြီး တတိယကြေးတံဆိပ်နှင့် မြန်မာကရာတေးဒို အမျိုးသမီးအသင်းက လာအိုအသင်းကို အနိုင်ရပြီး တတိယကြေးတံဆိပ်များရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာ နိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် အသိ အမှတ်ပြု ကယားပြည်နယ် ကလပ်အသင်းမှ Cadet ပွဲစဉ် များတွင် အမျိုးသားနှစ်ဦး၊ အမျိုး သမီးတစ်ဦး ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပြီး တစ်ဦးချင်းကုမိတဲ့ပြိုင်ပွဲများ တွင် ကြေးတံဆိပ် နှစ်ခု သီးခြား ဆွတ်ခူးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ သတင်း ရရှိသည်။

Credit : 7daydaily


26 Apr 2017     1,502 Views




RELATED

Most Popular of Special or Others

Most Popular of Sport