BEC-TERO TV

Fast & Furious 8

27 Apr 2017     1,400 Views


လက်ကတော ရုံတင်ပြသနေတဲ့ နာမည်ကြီး ဇာတ်ကားတခု ဖြစ်တဲ့ Fast & Furious 8 မှာ နာမည်ကြီး အက်ရှင်မင်းသားတွေဖြစ်တဲ့ Dwayne Johnson, Vin Diesel , Jason Statham , Kunt Rusell စသော မင်းသားပေါင်းစုံပါဝင်ထားတဲ့ ရှစ်ကားမြောင်ဇာတ်ကားဖြစ်တဲ့ Fast & Furious 8 ဇာတ်ကားမှာတော့ Furious ဇာတ်ကားတွေမှာ သက်စွန့်ဆံဖျားပါဝင်စွန့်စားခဲ့ကြတဲ့ အဖွဲ့သားတွေထဲက Brian နဲ့ Mia တို့ကတော့ အနားယူသွားပြီ ဖြစ်ပြီး ကျန်တဲ့အဖွဲ့သားတွေကတော့ ဘာတာဝန်မှမရှိတဲ့ အခြေအနေမှာ သာမန်ဘ၀တွေကို ဖြတ်သန်းရင်း မထင်မရှားနေကြပါတယ်။

Dominic ( Vin Diesel ) နဲ့ Letty ( Michelle Rodriguez ) တို့ကတော့အခုချိန်မှာ လက်ထပ်ပြီး ပျားရည်ဆန်းခရီးထွက်နေကြပါတယ်။ ပျော်ရွှင်စရာအချိန်တွေကို အသီးသီး ဖြတ်သန်းရင်း တစ်နေ့မှာတော့ Dominic ဟာ ထူးဆန်းလျှို့ဝှက်ပြီး ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖြားယောင်းသွေးဆောင်တာခံရပြီးနောက် အရာရာဟာပြောင်းလဲသွားခဲ့ ပါတယ်။

အဲ့ဒိအမျိုးသမီးဟာ အဆင့်မြင့် နည်းပညာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်ပြီး Dominic ဟာလည်း သူ့ရဲ့ အရင်က လက်တွဲခဲ့ ဖူးတဲ့ ရဲဘော်ရဲဘက်တွေနဲ့ ချစ်သူ Letty ကိုပါ သစ္စာဖောက်ပြီး ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်သွားပါတယ် ။

အဲ့ဒိအချိန်မှာတော့ အရင်လက်တွဲဖူးခဲ့တဲ့ အဖွဲ့သားတွေဟာ ပြန်လည်စုစည်းပြီး ကျူးဘားကမ်းခြေ နဲ့ နယူးယောက်လမ်းတွေပေါ်ကနေ ရေခဲနေတဲ့ အာတိတ်ရေခဲပြင် ၊ လှိုင်းလေပြင်းထန်တဲ့ Barents ပင်လယ်ဆီသို့ ကမ္ဘာအနှံ့ ခရီးဆန့်ပြီး မင်းမဲ့ စရိုက်ဆန်ဆန် ဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေတွေကို ရင်ဆိုင်ရင်းတစ်ချိန်က မိသားစုလို စုစုစည်းစည်းတာဝန်ယူခဲ့တဲ့ ရဲဘော်ဟောင်း သစ္စာဖောက် Dominic ကို ပြည်လည်အသိတရားရရှိစေပြီး မိသားစု ထဲ ပြန်လည်ဆွဲခေါ်ကြပုံ တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် ။


27 Apr 2017     1,400 Views




RELATED

Most Popular of Movies

Most Popular of Entertainment