BEC-TERO TV

အခမဲ့ ဒေါင်းလုတ် ယူလို့ ရမယ့် မီမီဝင်းဖေ သီချင်းတစ်ပုဒ်

28 Apr 2017     1,362 Views


ဒါရိုက်တာ၊ စာရေးဆရာ ဦး ဝင်းဖေက လွန်ခဲ့သည့်အနှစ် ၄၀ ခန့်တွင် ရေးသားခဲ့သော သီချင်း ဖြစ်ပြီး ပရိသတ်များအတွက် သားအဖနှစ်ဦး၏ မေတ္တာလက် ဆောင်အဖြစ် အခမဲ့ဖြန့်ချိရန်စီစဉ်ဖြစ်ခဲ့တာလဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

‘‘ကျွန်မတို့ သားအဖနှစ် ယောက်က တစ်ခါမှလည်း အတူတူတွဲပြီးတော့ အနုပညာလုပ်ငန်း ကို မလုပ်ဖူးပါဘူး။ ပထမဆုံး တွဲပြီး လုပ်ဖြစ်တယ်။ ဖေဖေ့ အနုပညာကို စိတ်ဝင်စားတဲ့ သူတွေ၊ ကျွန်မကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို မိသားစုလက်ဆောင် အနေနဲ့ ဒီသီချင်းလေးကို free-download အနေနဲ့လက်ဆောင် ပေးခြင်းဖြစ်ပါတယ်’’လို့ ပြောထားပါတယ် ။

သီချင်းမှာ ယခုခေတ်နဲ့ မတူတော့တဲ့ အသုံးအနှုန်းတွေလဲ ပါဝင်ကြောင်း ‘၀င်းဖေဧ၊် ဘချယ်’ သီချင်းဟာ လွန်ခဲ့တဲ့ နှစ်၄၀ လပေါ်သို့ လူတွေစတင်သွားရောက်တဲ့ အချိန်မှာရေးသားခဲ့ တာဖြစ်ပြီး လပေါ်လူဆင်းသက်တဲ့ အကြောင်း ငွေကျပ်ခြောက်ပြား စတဲ့ အသုံးအနှုန်းတွေလဲ ပါဝင်ပါတယ် ။ သီချင်းမှာ ရေသည်ဘ ချယ်ဆိုသည့်လူက လူများဆင်းရဲ အကျပ်အတည်း ဖြစ်ရခြင်းအ ကြောင်း ကြံကြံဖန်ဖန်တွေးပြီး စဉ်းစားပုံကို သီချင်းကာတွန်းအ ဖြစ် ရေးသားထားကြောင်း ဦးဝင်း ဖေက ပြောကြားခဲ့ ပါတယ်။ ‘‘ရယ်စရာသီချင်းပါ။ ဒါပေမဲ့လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က ရယ်စရာသီချင်းတွေ အခုလောက် ခေတ်မစားသေးဘူး။ ဒီအချိန်မှာ တော့ လူတွေနဲ့ နီးစပ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီထဲမှာ ဘချယ်က အကျပ်အတည်းဖြစ်တဲ့၊ ဆင်းရဲ တဲ့ ဒုက္ခရောက်တဲ့ လူအများစုကို ကိုယ်စားပြုတဲ့ Character ပါ’’ ဟု ဦးဝင်းဖေက ပြောသည်။

၂၆ရက်နေ့က ပြုလုပ်ခဲ့ တဲ့ စာနယ်ဇင်းပွဲမှာ ကော်နီကလဲ ‘‘မျိုးဆက်ပေါ့။ မမီက သူ့ ဖေဖေရဲ့သီချင်းလေးကို ပြန်ဆို ထားတဲ့ သီချင်းလေးပေါ့။ ကြားရ တာနဲ့တင် ကြည်နူးဖို့ ကောင်း တယ်။ စိတ်ချမ်းသာရတယ်’’ လို့ ပြောသွားခဲ့ ပါတယ် ။ ‘ဝင်းဖေ၏ ဘချယ်’ သီချင်း သည် သားအဖနှစ်ဦး ဖန်တီးသည့် သီချင်းဖြစ်၍ ပရိသတ်နှင့် ဖန်တီးခဲ့သော အနုပညာရှင်အ တွက်ပါ အမှတ်တရဖြစ်မည့်သီ ချင်းဖြစ်ကြောင်းနှင့် ပရိသတ်အား ပေးမှုရရှိမည့်သီချင်းဖြစ်ကြောင်း အဆိုတော် တင်ဇာမော်က အ ဆိုပါပွဲတွင် ပြောကြားခဲ့ ပါတယ်။

Credit:7Day


28 Apr 2017     1,362 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment