BEC-TERO TV

သင်မသိသေးတဲ့ နို့သီးခေါင်းရဲ့ ဆန်းကြယ်မှု

08 May 2017     2,068 Views


မိခင်နို့စို့ပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်အနေနဲ့ နို့သီးခေါင်းရဲ့ ဆန်းကြယ်မှု အချို့ကို သင်သိပြီးပြီလား?
 
ချဲ့ထုတ်နိုင်တယ်
 
အမျိုးသမီးတစ်ယောက်ရဲ့ နို့သီခေါင်းပတ်လည် အရောင်ရင့်အဝိုင်းလေးဟာ လက်မအနည်းငယ်လောက် ချဲ့ထုတ်နိုင်ပါတယ်။ အထူးသဖြင့် ဘယ်လိုအချိန်တွေမှာ သိသာသလဲဆိုရင် ကိုယ်အလေးချိန်တက်လာတာ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ကာလမှာ အဆိုပါ အဝိုင်းလေးဟာ နဂိုအရွယ်ထက် ကြီးမားလာတတ်ပါတယ်။
 
အရောင်စုံရှိတယ်
 
နို့သီးခေါင်းဟာ အရောင်အသွေး အစုံအလင် ရှိပါတယ်။ ပန်းနုရောင် ၊ အညိုရင့်ရငင့် ၊ အနီဘက်သမ်းတာ စသဖြင့် လူ့အသားအရောင်ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင် နို့သီးခေါင်းပမာဏ ပြောင်းလဲသလို အရောင်လဲ ပြောင်းလဲပါတယ်။
 
လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ရရှိစေတယ်
 
လေ့လာမှုတွေအရ နို့သီးခေါင်းကို လှုံ့ဆော်မှုတစ်မျိုးတည်းနဲ့တင် အချို့အမျိုးသမီးတွေမှာ စိတ်ကျေနပ်မှု အထွတ်အထိပ်ရောက်နိုင်တယ်လို့ တွေ့ရှိရပါတယ်။
 
အားကစားလုပ်ရတာ မကြိုက်ဘူး
 
အားကစားလုပ်လို့ တစ်ကိုယ်လုံး ကျန်းမာရေးကောင်းပေမယ့် အားကစားလုပ်ရာမှာ ဝတ်ဆင်တဲ့ တင်းကြပ်တဲ့ ဘရာစီယာတွေကြောင့် နို့သီးခေါင်းလေးတွေ ပွန်းတိုက်မိပြီး တစ်ခါတစ်ရံ သွေးထွက်တာထိ ဖြစ်နိုင်ပါတယ်။
 
နို့စိမ့်ထွက်နိုင်တယ်
 
မိခင်နို့တိုက်ကျွေးချိန်အပြင် အပြင်မှာ ကလေးငယ်တစ်ယောက် ငိုသံကြားတဲ့အခါ နို့တိုက်မိခင်တွေဟာ ရုတ်တရတ် နို့ရည်ယိုစိမ့်ထွက်ပါတယ်။
 
 

08 May 2017     2,068 Views




RELATED

Most Popular of Health Fix

Most Popular of Life Style