BEC-TERO TV

ခြေထောက် ညောင်းညာ နာကျင် သက်သာစေမယ့် ဆားရေနွေး

09 May 2017     2,203 Views


ဇလုံထဲကို ဆားရေနွေး ခြေမျက်စိမြုပ်အောင် ထည့်ပြီး မိနစ် ၃၀ လောက် စိမ်ပေးတာဟာ ခြေထောက် ညောင်းခြင်း ၊ ယားယံခြင်း ၊ ရောင်ရမ်းခြင်း ၊ ခြေထောက် မျက်ခြင်း ၊ ခြေဆစ်လွဲခြင်း တို့ကို သက်သာပြေလျော့စေပါတယ်။
 
ဆားရေနွေးမှာပါတဲ့ ပူနွေးနွေးဓာတ်နဲ့ မဂ္ဂနီစီယမ်တို့ဟာ ခြေထောက် ကြွက်သားများ ၊ အဆစ်များအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒီလို စိမ်ပေးတာကို တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်လောက်ပြုလုပ်ပေးရုံနဲ့ တစ်နေကုန် မတ်တပ်ရပ်ရတာ ၊ အလွန်အမင်း လမ်းလျှောက်ရတာ ၊ မတော်တဲ့ ဖိနပ်ကို စီးမိတာတွေကြောင့် နာကျင်နေတဲ့ ခြေထောက်တွေကိုလဲ သက်သာစေမှာ ဖြစ်ပါတယ်။
 
 

09 May 2017     2,203 Views




RELATED

Most Popular of Health Fix

Most Popular of Life Style