BEC-TERO TV

Mad Max ရုပ်ရှင်ထဲကအတိုင်း သားဖြစ်သူရဲ့ကားကို ဖန်တီးပေးခဲ့တဲ့ဖခင်

09 May 2017     1,961 Views


ဟောလိဝုဒ်နာမည်ကျော်ရုပ်ရှင် Mad Max ရုပ်ရှင်ကားကို အတော်များများ ကြည်ဖူးကြပါလိမ့်မည်။ ဒီဇာတ်ကားဟာ ၁၉၈၀ ဝန်းကျင်ခန့်က ရိုက်ကူးအောင်မြင်ခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပြီး အဲဒီအချိန်က နာမည်ကျော် မင်းသားကြီး Mel Gibson က ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
 
ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်ထဲမှာပါတဲ့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေရဲ့ ဒီဇိုင်းဟာ လမ်းသရဲဆန်ပြီး ထူးခြားတာကြောင့် အဲ့ဒီခေတ် အဲဒီအချိန်ကလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွဲဖြစ်ခဲ့ပါတယ်။ 
ပထမဆုံးကား Mad Max ကို ၁၉၇၉ ခုနှစ်မှာ ပြသခဲ့ပြီး ဒုတိယကား Mad Max 2 ကို ၁၉၈၁ မှာ ပြသခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Mad Max Beyond Thunderdome ဟာ Mad Max ရုပ်ရှင်တွဲရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။
 
ရှေးတုန်းက Mad Max ကို ပြန်လည်ဆန်းသစ်တဲ့ Mad Max: Fury Road ကို ၂၀၁၅ ခုနှစ်မှာ ပြန်လည်ရိုက်ကူးပြသခဲ့ပြီး အောင်မြင်မှုတစ်ဖန်ပြန်လည်ရရှိခဲ့ပါတယ်။
အဆိုပါ Mad Max ဇာတ်ကားတွေကို အရမ်းသဘောကျနှစ်ခြိုက်တဲ့ ဖခင်တစ်ယောက်က သူ့သားလေးရဲ့ အရုပ်ကားတွေကို Mad Max ထဲကအတိုင်း လမ်းသရဲပုံစံ ပန့်ခ်ပုံစံဖြစ်အောင် ပြောင်းလဲပေးခဲ့ပါတယ်။
 
 
အဲ့ဒီနောက်မှာတော့ ကလေးကစားစရာ သာမန်အရုပ်ကားလေးတွေကနေ လုံးဝဒီဇိုင်းလန်းတဲ့ အရုပ်ကားလေးတွေ အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ သူနဲ့အတူ ပန်းချီဆရာမ ဇနီးသည်ကလည်း ပါဝင်အားဖြည့် ကူညီခဲ့ပါတယ်။ 
 
ကားလေးတွေတင်သာမက သူတို့ သားနဲ့သမီးရဲ့ အဝတ်အစားဒီဇိုင်းကိုပါ လိုက်ဖက်အောင် ဖန်တီးပေးခဲ့ကြပါတယ်။
 
 
ကားလေးတွေ ဘယ်လောက်မိုက်သွားလဲဆိုတာ ကြည့်ကြပါဦး..။
 
 
 
 
 
 

09 May 2017     1,961 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family