BEC-TERO TV

ဒီလိုလက္ခဏာမျိုးဆို အမျိုးသားများ လုံးဝလျစ်လျူမရှုသင့်

11 May 2017     1,405 Views


ဆေးခန်းသွားဖို့ ဝန်လေးတတ်ကြတဲ့ အမျိုးသားတွေအနေနဲ့ ဒီလိုလက္ခဏာမျိုးတွေ ကြုံရပြီဆိုရင်တော့ လုံးဝ လျစ်လျူရှုမထားသင့်ပါဘူး။ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
 
နို့စူခြင်း
 
ဘီယာ အလွန်အကျွံသောက်သူ (ဒါမှမဟုတ်) ကိုယ်အလေးချိန် ပိုများနေတဲ့ အမျိုးသားတွေမှာ နို့စူတတ်ပါတယ်။ ဒါကို ကိုယ်အလေးချိန် လျော့ချတာ နဲ့ ဘီယာလျှော့သောက်တာက ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် ဟော်မုန်း ဟန်ချက်မညီတာကြောင့်လည်းကောင်း၊ အသည်းရောဂါရဲ့ လက္ခဏာတစ်ခုအဖြစ် လည်းကောင်း ၊ အသက်ကြီးတဲ့အမျိုးသားတွေမှာ ဝှေးစေ့ပုံမှန်အလုပ်မလုပ်တာကြောင့် နို့စူနိုင်တဲ့အတွက် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။
 
ထိန်းမရအောင် ဆီးသွားခြင်း
 
အကြိမ်ရေများများနဲ့ ထိန်းမရနိုင်လောက်အောင် ဆီးသွားနေတာကလဲ ဆီးကျိတ်မှာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ရောင်ခြင်း ဒါမှမဟုတ် ဆီးကျိတ်ကင်ဆာ ဖြစ်တော့မယ်လို့ ဖော်ပြနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ချက်ခြင်းပြသတိုင်ပင်သင့်ပါတယ်။
 
ဝှေးစေ့များရောင်ရမ်းခြင်း ဒါမှမဟုတ် အရည်အိတ်တည်ခြင်
 
အမျိုးသားများ ကြုံနေကျဖြစ်ပြီး များသောအားဖြင့် ဆေးကုသစရာမလိုဘဲ အလိုလိုပျောက်သွားလေ့ရှိပါတယ်။ တကယ်လို့ ပျောက်မသွားဘဲ ဆက်လက်နာကျင်နေမြဲဆိုပါက ဆရာဝန်နဲ့ တိုင်ပင် စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
 
အနံ့မခံနိုင်တော့ခြင်း
 
အမျိုးသားတစ်ဦး အနံ့မခံနိုင်တော့တာဟာ မျိုးအောင်နို်င်မှုဆိုင်ရာ ပြဿနာတွေကို ဖော်ပြတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဟော်မုန်းထုတ်လုပ်မှုနည်းပြီး ဖိုဟော်မုန်းမရှိတဲ့ ရောဂါအခြေအနေနဲ့ ကြုံတွေ့နိုင်တာကြောင့် သတိထားသင့်တဲ့ အခြေအနေတစ်ရပါဖြစ်ပါတယ်။
 
 

11 May 2017     1,405 Views




RELATED

Most Popular of Health Fix

Most Popular of Life Style