BEC-TERO TV

အိုသွေးမဟုတ်တဲ့သူတွေ နှလုံးဖောက်နိုင်ခြေ ပိုများ

15 May 2017     1,311 Views


အိုသွေးအမျိုးအစားမဟုတ်တဲ့သူတွေဟာ အိုသွေးသမားတွေထက် ရုတ်တရတ်နှလုံးဖောက်နိုင်ခြေ ပိုများနေနိုင်တယ်လို့ European Society of Cardiology နှစ်လည်အစည်းအဝေး Heart Failure 2017 မှာ သုတေသီတွေက တင်ပြခဲ့ပါတယ်။
 
အေ ၊ ဘီ နဲ့ အေဘီ သွေးအမျိုးအစား လူတွေဟာ အိုသွေးသမားတွေထက် ရုတ်တရတ် နှလုံးဖောက်နိုင်တဲ့ ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေပိုများနေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
 
နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေ ခံစားရစေတဲ့ အဓိကအကြောင်းရင်းက အစားအသောက်ပုံစံ မမှန်ကန်တာ ၊ လေ့ကျင့်ခန်းမလုပ်တာ နဲ့ ဆေးလိပ်သောက်သုံးတာတွေကြောင့် ဖြစ်ပါတယ်။
 
လေ့လာမှုအသစ်က လူတစ်ဦးရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို သုံးသပ်တဲ့အခါ လူနာရဲ့ သွေးအမျိုးအစားကိုပါ ထည့်စဉ်းစားဖို့ အကြံပြုထားတာပါ။
 
သုတေသီတွေက အိုသွေးမဟုတ်တဲ့သူ 708,276 ဦးနဲ့ အိုသွေးသမား 476,868 ဦးကို လေ့လာကြည့်တဲ့အခါ လေ့လာမှုမှာပါဝင်တဲ့ အိုသွေးမဟုတ်သူ ၂ ဒဿမ ၅ ရာခိုင်နှုန်း (၁၇၄၄၉ ဦး) က နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားခဲ့ရပြီး ၊ အိုသွေးသမား ၂ ဒဿမ ၃ ရာခိုင်နှုန်း (၁၀၉၁၆ ဦး) ကသာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားခဲ့ရတာကို တွေ့ရှိခဲ့ရပါတယ်။
 
 
ref: medicalnewstoday

15 May 2017     1,311 Views




RELATED

Most Popular of Health Fix

Most Popular of Life Style