BEC-TERO TV

မေလ ၁၅ ရက်မှ ၃၁ ရက်နေ့အထိ သင့်ကံကြမ္မာ

15 May 2017     1,328 Views


တနင်္ဂနွေသားသမီးများ

ရည်ရွယ်ထားသမျှ ရဲရဲလုပ်ပါ ...။ လုပ်တာကနည်းနည်း အောင်မြင်ဖြစ်ထွန်းတာကများများဆိုတဲ့ ကာလပါပဲ။ ဆွေမျိုးမိတ်ဆွေတို့ရဲ့ မကောင်းသောသတင်းကိုတော့ ကြားရတတ်ပါတယ်။ အောက်လက်ငယ်သားကိစ္စ၊ ရွှေကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်ကိစ္စတွေမှာလည်း စိတ်ညစ်ရတတ်ပါတယ်။ ဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေ အထူးကောင်းပါတယ်။ စပ်တူရှယ်ယာကိစ္စတွေလည်း အောင်မြင်မယ်။ မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသောဝင် ခြင်းများကြုံမယ်၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊ အင်္ဂါနံ၊ ကြာသပတေးနံ အလုပ်တွေ အလုပ်ဖြစ်အကျိုးပေးမယ်။ ငွေကံလည်း ကောင်းနေပါတယ်။ မထင်မှတ်တဲ့ နေရာကနေ ငွေနှစ်ခါဝင်လာတတ်။ အလှူမင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေ ကိန်းမျိုးပါပဲ။ ငွေ၊ပစ္စည်းပျောက်တတ်။ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်။ ပညာအသစ်ရတတ်။ သင်တန်းတက်ရတတ်။ ၀မ်းသာစရာ စာမျိုးတွေရောက်လာတတ်။

အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အောင့်မေ့သတိရဖွယ် ဖြစ်ရပ်များကို ပြန်လည်လွမ်းဆွတ်သတိရနေရတတ်။အချစ်စစ် အချစ်မှန်ကို သဘောပေါက်သွားတတ်။ ကောာင်းသောခွာခွဲခြင်း ကြုံရတတ်ပါတယ်။

၂၀၁၇ မေလအတွင်း ၂၀ရက် ၊ ၂၁ရက် ၊ ၂၅ ရက်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ကြုံရတတ်ပါတယ်။ အကူအညီကောင်း၊ အဆက်အသွယ်ကောင်း၊ အကြံကောင်းဥာဏ်ကောင်း ၊ စိတ်ကူးအကြံအစည်ကောင်းတွေ ရရှိတတ်ပါတယ်။ ၁၆ရက် ၊ ၂၂ရက် ၊ ၃၁ ရက်တွေမှာတော့ စိတ်ပူပန်စရာတွေ ကြုံရတတ်ပါတယ်။ ပေးထားတဲ့ယတြာတွေကိုချေပြီး အစစအရာရာ သတိထားကာ တည်ငြိမ်စွာဖြင့် ဖြတ်သန်းသင့်ပါတယ်။

အဖြူရောင် ၊ အ၀ါရောင်တွေ ကံကောင်းစေပါတယ် ...။

လေထိုး၊ လေအောင့်၊ နှလုံးအား နည်း၊ ဒူး၊ နား၊ သွား၊ သွေး သတိထားသင့်ပါတယ်။

ဒီတစ်ပတ် နာရေးကိစ္စလုံးဝရှောင်သင့်ပါတယ်။

ထီဝါသနာ ပါရင် ၂ ၃ အတွဲလိုက်စတဲ့ ထီဂဏန်းကို ရှာပြီးထိုးသင့်ပါတယ်။

ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ကြွေပန်းကန်ပြားတစ်ချပ်ထဲမှာ ဖယောင်းတိုင်(၅)တိုင်ထွန်းပြီး အိမ်ဘုရားတွင် လှူဒါန်းပူဇော်ရင်း မိမိအလိုရှိတဲ့အရာများကို တ၀ကြီးဆုတောင်းပါ။ (ဘယ်နေ့၊ဘယ်ချိန်မဆိုလုပ်ပါ။အကြောင်းရှိတိုင်း မကြာခဏလုပ်ပေးပါ။)

တနင်္လာသားသမီးများ

ရပ်ဝေးက အကူအညီ၊ အဆက်အသွယ်ကောင်းတွေ ပေါ်လာမယ်။ ဆွေမျိုးတွေရဲ့ သတင်းကောင်းလည်းကြားရတတ်ပါတယ်။ အလုပ်နေရာ၊ အိမ်နေရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ လည်း အောင်မြင်နိုင်ပါတယ်။ လုပ်ငန်းသစ်စတာ၊ နေရာပြောင်းတာတွေလုပ်သင့်ပါတယ်။ အိပ်ယောင်းပြောင်းအိပ်ပေး။ခရီးထွက်ပေး။အ၀တ်အစာအသစ်များဝတ်ပေး။ဘာသာရေးပိုလုပ်ပေးပါ။ပြဿနာကြီးတွေ ကြုံရတတ်တယ်။ တစ်ယောက်ပြီး တစ်ယောက် ဒုက္ခပေးလာတတ်တဲ့ အချိန်မျိုးပါပဲ။ မတော်တဆ ထိခိုက်မိတာလေးတွေလည်း ကြုံရတတ်ပါတယ်။ စက်ကိစ္စ၊ စပ်တူကိစ္စ၊ ဆိုင်ကိစ္စ စာချုပ်စာတမ်းကိစ္စတွေ လုံးမ၀လုပ်သင့်ပါဘူး။ငြိမ်ငြိမ်နေရင် အဖက်ဖက်ကညံ့မယ် ...။ လှုပ်လှုပ်ရှားရှားနေရင် ကံကောင်းမယ် ...။ ဒီရက်မျိုးမှာ ခရီးထွက်နေလေ ကောင်းလေပါပဲ။ ပြည်တွင်ပြည်ပ ခရီးကောင်းတွေလည်း ကြုံရတတ်ပါတယ်။ ရစရာ ပေးစရာငွေများ ကြန့်ကြာနေတတ်။ငွေအတွက် အနည်းငယ် စိတ်ပူရတတ်။အနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ်ကြုံတတ်။ဆေးရုံ၊ဆေးခန်းများနှင့်ပက်သက်ရတတ်။

၂၀၁၇ မေလအတွင်း ၁၉ရက် ၊ ၂၀ရက် ၊ ၂၃ ရက်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကြုံရတတ်ပါတယ်။ အကူအညီကောင်း၊အဆက်အသွယ်ကောင်း၊အကြံကောင်းဥာဏ်ကောင်း ၊ စိတ်ကူးအကြံအစည်ကောင်းတွေရရှိတတ်ပါတယ်။
၁၈ရက် ၊ ၂၆ရက် ၊ ၃၁ ရက် တွေမှာတော့ စိတ်ပူပန်စရာတွေကြုံရတတ်ပါတယ်။ ပေးထားတဲ့ယတြာတွေကိုချေပြီး အစစအရာရာ သတိထားကာ တည်ငြိမ်စွာဖြင့် ဖြတ်သန်းသင့်ပါတယ်။

အချစ်ရေးမှာ ၊ အိမ်ထောင်ရေး တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင် ။ ကိုယ့်မျက်နှာလည်း ကိုယ်မကြည့်ချင်ဖြစ်နေတတ်။ အပျက်အပျက်ကနေ နှခေါင်းသွေးထွက်တတ်။ လမ်းခွဲရမတတ်ဖြစ်သွားတတ်။ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းပါ ...။စကားပြော ငြင်းခုန်ဖြေရှင်းရတတ်။စိတ်သောကရောက်ရတတ်။

အနီ၊အပြာ၊အ၀ါ ရောင်များ ကံကောင်းစေပါတယ် ...။

ခြေထောက် ၊ ခါး ၊ ဒူး နဲ့ ပက်သက်တဲ့ရောဂါတွေ သတိထားသင့်ပါတယ် ...။

ထီထိုးမယ်ဆိုရင် ၁ ၊ ၅ များများပါတဲ့ လက်မှတ် ရှာထိုးပါ ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ အုန်းဆီ(၆)စက်ထည့် ၊ အုန်း(၆)ညွန့်ထည့် ခေါင်းပေါ်ကနေလောင်းချိုးရင်း မိမိဖြစ်ချင်တာများကို တစ်ဝကြီးဆုတောင်းပါ။(ဘယ်နေ့၊ဘယ်ချိန်မဆိုလုပ်ပါ။အကြောင်းရှိတိုင်း မကြာခဏလုပ်ပေးပါ။)

အင်္ဂါသားသမီးများ

ဆုံးဖြတ်ချက်အမှားများချမိတတ်။ ကောင်းတာပဲဖြစ်ဖြစ်၊မကောင်းတာပဲဖြစ်ဖြစ် တေ့လွဲ လွဲချော်နေတတ်။ အများနဲ့တစ်ယောက် အဆင်မပြေဖြစ်တတ်။ လိုက်လျောညီထွေနေသင့်။ တစ်ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်ပါတယ်။ တိုင်တိုင်ပင်ပင်လုပ်သင့်တဲ့အချိန်ပါပဲ။ အလုပ်တွေ တအားလုပ်ရပြီး ငွေကျပ်နေမယ်။သူတစ်ပါးကို ကူညီရတဲ့အလုပ် တွေနဲ့ မနားရအောင်ဖြစ်ရတတ်ပါတယ်။ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေ ကြုံလာရတတ်ပါတယ်။ နာမည်ကြီး ထမင်းငတ် ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဘယ်လုပ်ငန်းကိုမှ ကြီးကြီးမားမား မချဲ့သင့်သေးပါဘူး။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံခြား၊ လျှပ်စစ်ပစ္စည်း၊ အထည်၊ ထီး၊ ဖိနပ် လုပ်ငန်းတွေမှာတော့ အကျိုးထူးနိုင်ပါတယ်။ နေရာကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ တိုးလိုတန်းလန်း ဖြစ်နေမယ်။ စာရွက်စာတမ်းကိစ္စ စပ်တူကိစ္စတွေ စိတ်ရှုပ်ရတတ်ပါတယ်။ငွေအ၀င်နည်းပြီး လက်ထဲတွင် မမြဲတတ်။ လက်ထဲတွင် ငွေများများကိုင်မထားသင့်။

၂၀၁၇ မေလအတွင်း ၂၁ရက် ၊ ၂၅ရက် ၊ ၂၈ ရက်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကြုံရတတ်ပါတယ်။ အကူအညီကောင်း၊အဆက်အသွယ်ကောင်း၊အကြံကောင်းဥာဏ်ကောင်း ၊ စိတ်ကူးအကြံအစည်ကောင်းတွေရရှိတတ်ပါတယ်။
၁၆ရက် ၊ ၂၂ရက် ၊ ၂၆ ရက် တွေမှာတော့ စိတ်ပူပန်စရာတွေကြုံရတတ်ပါတယ်။ ပေးထားတဲ့ယတြာတွေကိုချေပြီး အစစအရာရာ သတိထားကာ တည်ငြိမ်စွာဖြင့် ဖြတ်သန်းသင့်ပါတယ်။

ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များအနေနဲ့ ကွဲကွာနေရတာ၊ ဘေးကနှောင့်ယှက်တာတွေ ကြုံရတတ်ပါတယ်။ အခြားသူများကို အကြောင်းပြုပြီး အဆင်မပြေဖြစ်တတ်ပါတယ်။စိတ်သောက အနည်းငယ်ရောက်ရတတ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားဖို့ ၊ သစ္စာရှိဖို့ အထူးလိုအပ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။

ခြေထောက်၊ ခါး၊ အစာမှားဆေးမှား၊ သွား၊ သွေး၊ သတိပြုသင့်ပါတယ်။

အနက်ရောင် ၊ အစိမ်းရောင်တွေ ကံကောင်းစေပါတယ်။

ထီထိုးလျှင် ၄ ၇ အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်ကို ထိုးသင့်ပါတယ်။ဘုန်းကြီးပုံ၊ဘုရားပုံကြွလာလျှင်၊ဘာသာရေးနှင့်ပက်သက်သောပစ္စည်းများလက်ဆောင်ရလျှင်ထီထိုးပါ။

ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ နွားနို့အနည်းငယ်ထည့် ၊ နှင်းဆီ(၇)ပွင့်ထည့် ခေါင်းပေါ်ကနေလောင်းချိုးရင်း မိမိဖြစ်ချင်တာများကို တ၀ကြီးဆုတောင်းပါ။(ဘယ်နေ့၊ဘယ်ချိန်မဆိုလုပ်ပါ။အကြောင်းရှိတိုင်း မကြာခဏလုပ်ပေးပါ။)

ဗုဒ္ဓဟူးသားသမီးများ

အလုပ်တိုင်းနေရာတိုင်းမှာ ကူညီမစမယ့်သူများနေတတ်။ မျက်နှာပွင့် လူချစ်လူခင်များနေတတ်။ ယခင်ကကြိုးစားထား အနစ်နာခံထားတဲ့အရာတွေရဲ့ အသီးအပွင့်အကျိုးအမြတ်တွေ ပြန်ခံစားရတတ်။ ကွဲကွာနေသူများနဲ့ ပြန်ဆုံမယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။ ရတနာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်ပစ္စည်းတွေလည်း ၀င်လာမယ်။ ပြဿနာ ဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပြီးပေါ်လာတတ်ပါတယ်။ ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတွေရဲ့ ပြဿနာ၊ ဒုက္ခ တွေကိုလည်း ကူညီဖြေရှင်းပေးရတတ်ပါတယ်။ ခရီးကိစ္စတွေလွဲချော်နေမယ်။ မိတ်ရင်း၊ ဆရာရင်းများနဲ့လည်း အဆင်မပြေဖြစ်ရတတ်ပါတယ်။ ထွက်နေ၊ ဆုံးရှုံးနေတဲ့ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးဟောင်းတွေလည်း ပြန်ပြီးဝင်လာတတ်ပါတယ်။ဘာပဲလုပ်လိုက်လုပ်လိုက် ငွေတွေ ၀င်လာမယ်။ အောင်မြင်နေမယ်။ ကံမြင့်ပြီး လာဘ်ပွင့်နေပါလိမ့်မယ်။

၂၀၁၇ မေလအတွင်း ၂၅ရက် ၊ ၂၇ရက် ၊ ၃၀ ရက်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကြုံရတတ်ပါတယ်။ အကူအညီကောင်း၊အဆက်အသွယ်ကောင်း၊အကြံကောင်းဥာဏ်ကောင်း ၊ စိတ်ကူးအကြံအစည်ကောင်းတွေရရှိတတ်ပါတယ်။
၁၇ရက် ၊ ၂၂ရက် ၊ ၂၆ ရက် တွေမှာတော့ စိတ်ပူပန်စရာတွေကြုံရတတ်ပါတယ်။ ပေးထားတဲ့ယတြာတွေကိုချေပြီး အစစအရာရာ သတိထားကာ တည်ငြိမ်စွာဖြင့် ဖြတ်သန်းသင့်ပါတယ်။

ကျန်းမာရေးမှာ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမယ့် ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး၊ ဒုက္ခပေးတတ်ပါတယ်။

အချစ်ရေး ၊ အိမ်ထောင်ရေး အလွန်ကောင်းနေပါတယ်။ ပန်းနုရောင်တွေလွှမ်းမိုးနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ အချစ်ရဲ့ချိုမြိန်တဲ့အသီးအပွင့်တွေကို ဆွတ်ယူစားသုံးရမယ့်အချိန်ပါပဲ။နှစ်ယောက်တစ်ဘ၀၊နှစ်ကိုယ့်တစ်စိတ် တစ်ကမ္ဘာလုံးမှာ နှစ်ယောက်တည်းပဲရှိနေတယ်လို့ ထင်နေတတ်ပါတယ်။ မျက်နှာအလွန်ပွင့်နေပါမယ်။ရည်းစာရှိနေမှန်းသိလျှက်နဲ့ ကိုယ့်ကိုစိတ်ဝင်စားသူတွေ ထပ်ပေါ်လာတတ်ပါတယ်။

အစိမ်းရောင် ၊အဖြူရောင် တွေ ကံကောင်းစေပါတယ်။

အိမ်နီးပတ်ဝန်းကျင်မှာ ကလေးမွေးတဲ့သတင်းကြားလိမ့်မယ်။ ကြားတာနဲ့ (၂) အစ (၅) အဆုံး ထီထိုးဖြစ်အောင် ထိုးလိုက်ပါ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ ရွက်လှ(၁)ညွန့်ထည့်၊ရွှေရည်ငွေရည်ထည့် ခေါင်းပေါ်ကနေလောင်းချိုးရင်း မိမိအလိုရှိတဲ့အရာများကို တ၀ကြီးဆုတောင်းပါ။(ဘယ်နေ့၊ဘယ်ချိန်မဆိုလုပ်ပါ။အကြောင်းရှိတိုင်း မကြာခဏလုပ်ပေးပါ။)

ကြာသပတေးသားသမီးများ

စိတ်တိုင်းမကျစရာတွေများနေမယ်။တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းခေါင်းအေးအေးနဲ့အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့အချိန်ဖြစ်ပါတယ် ။ အလုပ်ပိပြီး ကျန်းမာရေးညံသွားတတ်တယ်။ အလုပ်ထွက်ချင်၊ပြောင်းချင်တဲ့ဆန္ဒတွေရှိရင် ခဏလေးစောင့်သင့်ပါတယ်။နေရာကိစ္စ၊အိမ်ကိစ္စများ၊တို့လို့တန်းလန်းဖြစ်နေတတ်ပါတယ်။ ပညာအသစ်ရတတ်။မိတ်ဆွေရင်းများကူညီမစအံ့။ထီး၊ဖိနပ်၊နာရီ လက်ဆောင်ရတတ်။ငွေကြေးကိစ္စများ ထစ်ငေါ့လွဲချော်တတ်။ငွေအတွက် စိတ်ပူရတတ်။သူများကိုငွေမချေးသင့်ပါ။ မထင်မှတ်ပဲ အောက်လက်ငယ်သားများထံမှ အကူအညီကောင်းတွေရတတ်။စိတ်ညစ်ရမယ့်ဧည့်သည်များရောက်လာတတ်။ဘာမှန်းမသိပဲ အလုပ်တွေရှုပ်နေအံ့။စိတ်မပါပဲခရီးများသွားရတတ်။အလုပ်၊နေရာထိုင်ခင်း၊အကြီးအကဲအတွက် စိတ်ပူရ၊စိတ်ညစ်ရတတ်။ အလုပ်အပြောင်းအလဲ၊နေရာ ထိုင်ခင်းအပြောင်းအလဲနှင့်ပက်သက်ပြီးစကားပြောရတတ်။တအားပင်ပန်းမယ် ။စိတ်မောလူမောတွေဖြစ်မယ်။

၂၀၁၇ မေလအတွင်း ၂၀ရက် ၊ ၂၅ရက် ၊ ၃၀ ရက်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကြုံရတတ်ပါတယ်။ အကူအညီကောင်း၊အဆက်အသွယ်ကောင်း၊အကြံကောင်းဥာဏ်ကောင်း ၊ စိတ်ကူးအကြံအစည်ကောင်းတွေရရှိတတ်ပါတယ်။
၁၆ရက် ၊ ၂၆ရက် ၊ ၃၁ ရက် တွေမှာတော့ စိတ်ပူပန်စရာတွေကြုံရတတ်ပါတယ်။ ပေးထားတဲ့ယတြာတွေကိုချေပြီး အစစအရာရာ သတိထားကာ တည်ငြိမ်စွာဖြင့် ဖြတ်သန်းသင့်ပါတယ်။

နှလုံးသားရေး ဆွေမျိုးကဲ့သို့ရင်းနှီးသူများဝင်ရှုပ်တတ်။ကျောချင်းကပ်၊ရင်းချင်အပ်ပြီး စိတ်တူကိုယ်တူနဲ့ အနှောက်အယှက် အတားအဆီးများကို ကျော်လွှားသင့်။ အိမ်ထောင်ရေး အိမ်ထောင်ဖက်ကို အကြောင်းပြုပြီး ဖြစ်သင့်တာထက်ပိုပြီး စိတ်ပူနေရတတ်။အသေးအဖွဲကိစ္စကိုအကြောင်းပြုပြီး တကျက်ကျက်ဖြစ်နေတတ်။

အစိမ်း၊အ၀ါများများဝတ်ပါ။

ဦးခေါင်း၊အကြော၊သွား နဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။

ထီထိုးလျှင် ၇၊၂ များများပါအောင်ထိုးပါ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားမှာ ပန်းအ၀ါ(၅)ပွင့် ၊ ပေါင်မုန့်(၅)ချပ်၊နွားနို့တစ်ခွက် လှူဒါန်းရင်း မိမိအလိုရှိတဲ့အရာများကို တ၀ကြီးဆုတောင်းပါ။(ဘယ်နေ့၊ဘယ်ချိန်မဆိုလုပ်ပါ။အကြောင်းရှိတိုင်း မကြာခဏလုပ်ပေးပါ။)

သောကြာသားသမီးများ

စိတ်ပူစရာ၊စိတ်ရှုပ်စရာများ ကြားမှ အကြံအစည်ရည်ရွယ်များအောင်မြင်တတ်။ ကိုယ်တိုးတက်အောင်မြင်လာတဲ့အ ပေါ် မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်။ အလုပ်အဆက်အသွယ်သစ်များပေါ်လာတတ်။ အမှုအခင်း၊စကားပြောငြင်းခုန်ရတာတွေနဲ့ ပတ်သက်ရတတ်ပါတယ်။ ပြည် တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားတို့ အကျိုးပေးမယ်။ ကံတရားက ကိုယ့်ကိုမျက်နှာပေးတဲ့ကိန်းဖြစ်ပါတယ်။ စိတ်ပူစရာတွေကြားမှ ငွေရွှင်မယ်၊ ရွှေ ကံကောင်းမယ်၊ အနုပညာအလုပ်၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ အလုပ်တွေမှာ အကျိုး အမြတ်များနိုင်ပါတယ်။ မိတ်ဆွေရင်းများနဲ့ အယူအဆကွဲလွဲ အတိုက်အခံဖြစ်တတ်ပါတယ်။ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်၊ အရှိန်မြှင့်သင့်တဲ့အချိန်ပါပဲ။


၂၀၁၇ မေလအတွင်း ၂၀ရက် ၊ ၂၁ရက် ၊ ၂၇ ရက်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကြုံရတတ်ပါတယ်။ အကူအညီကောင်း၊အဆက်အသွယ်ကောင်း၊အကြံကောင်းဥာဏ်ကောင်း ၊ စိတ်ကူးအကြံအစည်ကောင်းတွေရရှိတတ်ပါတယ်။
၁၇ရက် ၊ ၂၈ရက် ၊ ၂၈ ရက် တွေမှာတော့ စိတ်ပူပန်စရာတွေကြုံရတတ်ပါတယ်။ ပေးထားတဲ့ယတြာတွေကိုချေပြီး အစစအရာရာ သတိထားကာ တည်ငြိမ်စွာဖြင့် ဖြတ်သန်းသင့်ပါတယ်။

အိမ်ထောင်ရှင် များ စိတ်ဝမ်းကွဲ ၊ အယူအဆကွဲလွဲ ၊ အငြင်းအခုန်ဖြစ်ရတတ်တယ်။သူဘက်ကလည်းမလျော့ ကိုယ့်ဘက်ကလည်း မလျော့ အစစအရာရာ တင်းမာနေတတ်။ ချစ်သူရည်းစားများ မိမိချစ်သူကို အကြောင်းပြုပြီး သတင်းကောင်းကြားမယ်။ စိတ်ပူစရာ ၊ စိတ်သောကရောက်စရာများ အနည်းငယ်ရောထွေးနေတတ်။ချိုတလှည့်၊ခါးတလှည့်ဖြစ်နေတတ်။

ကျန်းမာရေးမှာ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမယ့် ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး၊ ဒုက္ခပေးတတ်ပါတယ်။

အစိမ်းရောင် ၊အနီရောင်တွေ ကံကောင်းစေပါတယ်။

ထီ ၀ါသနာ ပါပါ မပါပါ ၂၆ အတွဲလိုက် ပူးပြီးစတဲ့ လက်မှတ်ကို ရအောင်ရှာပြီး ထိုးသင့်ပါတယ်။တနင်္ဂနွေ၊သောကြာသာသမီးတွေနဲ့စပ်ထိုးပါ။

ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားမှာ ရွက်လှ(၄)ညွန့် ၊ လက်ဖက်ရည် (၂)ခွက် ၊ ကိတ်မုန့် (၂)ချပ် လှူဒါန်းရင်း မိမိအလိုရှိတဲ့အရာများကို တ၀ကြီးဆုတောင်းပါ။(ဘယ်နေ့၊ဘယ်ချိန်မဆိုလုပ်ပါ။အကြောင်းရှိတိုင်း မကြာခဏလုပ်ပေးပါ။)


စနေသားသမီးများ

လူကြီးတစ်ယောက်အကူအညီ ကြီးကြီးမားမားရတတ်။ လူမျိုးခြား၊နိုင်ငံခြားကို အကြောင်းပြုပြီး မထင်မှတ်တဲ့ အကူအညီကောင်းတွေရတတ်။ အထည်အလိပ်၊ထီးဖိနပ် လက်ဆောင်ရတတ်။ အနီးကပ်လူရင်းထဲက သစ္စာဖောက်သွားတတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။အများနဲ့တစ်ယောက် အခန့်မသင့်ဖြစ်တတ်။ ဘ၀နဲ့အလုပ်ကို ညည်းငွေ့စိတ်ကုန်နေတတ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအ၀ယ်ကိစ္စတွေမှာလည်း တေ့လွဲလေးတွေ လွဲ နေတတ်ပါတယ်။ ဘာမဆို၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့အချိန်ပါပဲ။ စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေ အောင်မြင်မယ်။ ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေအောင်မြင်မယ်။ အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင် ပရိဘောဂတွေ ၀င်မယ်။ မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား၊ အဆက်အသွယ်အကူအညီ ပေါ်လာတတ်ပါတယ်။ အောက်လက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်တယ်။ငွေအတွက် အနည်းငယ်စိတ်ပူရတတ်။အောက်လက်ငယ်သား ၊ ရွှေရတနာအတွက် စိတ်ပူရတတ်။

၂၀၁၇ မေလအတွင်း ၂၀ရက် ၊ ၂၁ရက် ၊ ၁၅ ရက်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေကြုံရတတ်ပါတယ်။ အကူအညီကောင်း၊အဆက်အသွယ်ကောင်း၊အကြံကောင်းဥာဏ်ကောင်း ၊ စိတ်ကူးအကြံအစည်ကောင်းတွေရရှိတတ်ပါတယ်။
၁၆ရက် ၊ ၂၂ရက် ၊ ၃၁ ရက် တွေမှာတော့ စိတ်ပူပန်စရာတွေကြုံရတတ်ပါတယ်။ ပေးထားတဲ့ယတြာတွေကိုချေပြီး အစစအရာရာ သတိထားကာ တည်ငြိမ်စွာဖြင့် ဖြတ်သန်းသင့်ပါတယ်။

ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေးဂရုစိုက် သင့်ပါတယ်။

အိမ်ထောင်ရှင်များ နားလည်မှု၊ မျှဝေခံစားမှု ပြေလည်မှုရပြီး အိမ်ထောင်ဖက်အတွက်ငွေကုန်တတ် ...။ ချစ်သူရည်းစားများ ဆွေမျိုးဝင်ရှုပ်လာတတ်တယ်။ စကားတွေ ရှုပ်လို့ ရှင်းရတတ်ပါတယ်။စကားပြောငြင်းခုန်၊ရန်ဖြစ်နေရတာနဲ့အချိန်တွေကုန်သွားတတ်။

အနီ ၊ အနက် ရောင်တွေဟာ ကံကောင်းစေပါတယ် ...။

ထီထိုးမယ်ဆိုရင် ၃ ၇ အတွဲလိုက်စတဲ့ ဂဏန်းဟာ သင့်ကိုအကျိုးပေးပါလိမ့်မယ်။

ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ အုန်းဆီ(၄)စက်ထည့်ပါ။ စံပယ်ပန်း(၁၃)ပွင့်ထည့်ပါ။ ခေါင်းပေါ်ကနေလောင်းချိုးရင်း မိမိအလိုရှိတဲ့အရာများကို တ၀ကြီးဆုတောင်းပါ။ (ဘယ်နေ့၊ဘယ်ချိန်မဆိုလုပ်ပါ။အကြောင်းရှိတိုင်း မကြာခဏလုပ်ပေးပါ။)


အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ သွေးထွက်အောင်မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။

ဆရာ မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)

Credit : မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း ဖေ့စ်ဘွတ်


15 May 2017     1,328 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment