BEC-TERO TV

မြန်မာနိုင်ငံမှာထွင်းထုခဲ့တဲ့ တရုတ်ပြည်က သစ်သားခြင်္သေ့ရုပ်ကြီး

18 May 2017     1,337 Views


တရုတ်နိုင်ငံ ဟူဘီပြည်နယ် ၀ူဟန်မြို့မှာရှိတဲ့ Fortune Plaza Time Square ရင်ပြင်က ခြင်္သေ့ရုပ်ကြီးဟာ အင်မတန်မှ ခံ့ညားလှပါတယ်။ ဒီခြင်္သေ့ရုပ်ကြီးဟာ ဧရာမ သစ်နီပင်စည်ကြီးကို ထွင်းထုထားတာဖြစ်ပြီး လူပေါင်း ၂၀ က သုံးနှစ်ကြာ ထွင်းထုခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပင်စည်ကြီး တစ်ခုတည်းကနေ ထွင်းထုထားတဲ့ လက်ရာမြောက်လှတဲ့ ခြင်္သေ့ရုပ်ကြီးဟာ အလျား ၄၇ ဒဿမ ၅ ပေ၊ အမြင့် ၁၆ ဒဿမ ၅ ပေနဲ့ အနံ ၁၃ ပေ ရှိပါတယ်။ ခြင်္သေ့ခေါင်း ၊ ရှေ့ခြေ နဲ့ အမြီးတွေကို အချောကိုင်ထားပေမယ့် ကိုယ်ထည်ကတော့ မူလပင်စည်အကြမ်းအတိုင်း ထားထားပါတယ်။

ပန်းပုဆရာဒန်ဒင်ရူယို ဦးဆောင်တဲ့အဖွဲ့ဟာ အဆိုပါခြင်္သေ့ရုပ်ကို မြန်မာနိုင်ငံမှာ ထွင်းထုခဲ့ပြီး တရုတ်ကို ၂၀၁၅ ဒီဇင်ဘာမှာ သယ်လာတယ်လို့ သိရပါတယ်။ ဧရာမပင်ပင်စည်ကြီးရဲ့ အရင်းအမြစ်ကိုတော့ မသိရပေမယ့် နှစ်ရာချီသက်တမ်းရှိတဲ့ ပင်စည်လို့ ပညာရှင်များက သုံးသပ်ပါတယ်။

Ref : Pyi Myanmar , odditycentral


18 May 2017     1,337 Views




RELATED

Most Popular of International News

Most Popular of NEWS