BEC-TERO TV

ဖေ့စ်ဘွတ်သုံးစွဲခွင့် ထိုင်းမှာ ပိတ်တော့မှာလား…?

18 May 2017     1,284 Views


လက်ရှိ ထိုင်းနိုင်ငံမှာဖေ့စ်ဘွတ်နဲ့စပ်လျှဉ်းပြီး ပြင်းထန်တဲ့အခြေအနေတစ်ခုရောက်နေပါပြီ။ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ ရေးသားပြောဆိုနေတဲ့ တားမြစ်စာမျက်နှာ ၁၃၁ ခုကို ဖေ့စ်ဘွတ်ပေါ်ကနေ ဖယ်ရှားပေးမှာလား၊ဒါမှမဟုတ် ဖေ့စ်ဘွတ် သုံးစွဲခွင့်ကို ထိုင်းမှာ ပိတ်လိုက်ရမလားလို့ အစိုးရက ဖိအားပေးမေးခွန်းထုတ်လိုက်တာပါ။လက်တလောရေပန်းစားနေတဲ့ ရုပ်သံပြကွက်တစ်ခုကတော့ လူငယ်စတိုင် crop top ၀တ်ဆင်ထားတဲ့ ထိုင်းဘုရင် ဆိုပြီး လူမှုကွန်ရက်မှာ မျှဝေသူအများအပြားရှိတဲ့ Post ပါ။အဆိုပါ ဗီဒီယို ရုပ်သံဖိုင်ကို ဖြုတ်ချပေးရန်လည်း ဖေ့ဘွတ်ကို ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။ ရုပ်သံဖိုင်မှာတော့ တက်တူးတွေထိုးထားတဲ့ ထိုင်းဘုရင်နောက်ကျော ကိုထင်ရှားစွာမြင်ရပါတယ်။

ဂူးဂဲလ်ကတော့ ပြီးခဲ့တဲ့နှစ်က ထိုင်းဘုရင်စနစ်ကို ထိပါးစော်ကားတဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေဖယ်ရှားပေးဖို့အတွက် အစိုးရနဲ့ အတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့ ထိုင်း ဒုဝန်ကြီးချုပ်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ဝက်ဘ်ဆိုက်ထောင်ပေါင်းများစွာဟာ ဟန့်တားခံခဲ့ရပြီး ထိုင်းဘုရင် စနစ်ကိုဝေဖန်ထားတဲ့ ပြောဆိုရေးသားချက်တွေကို မျှဝေတဲ့သူတွေနဲ့ လိုက်ခ်လုပ်တဲ့သူတွေဟာလည်း တရားစွဲဆိုခံခဲ့ရပါတယ်။


18 May 2017     1,284 Views




RELATED

Most Popular of International News

Most Popular of NEWS