BEC-TERO TV

ရီးယဲလ်ဂိုးပြတ်နိုင်ပွဲယူပြီးအမှတ်ပေးဇယားထိပ်ဆုံးရောက်ရှိ

18 May 2017     1,350 Views


ဘာစီလိုနာနဲ့အပြိုင်လာလီဂါချန်ပီယံဆုအတွက် ရီးယဲလ်အသင်းက မနက်အစောပိုင်းပွဲမှာ အမှားမခံဘဲဂိုးပြတ်နိုင်ပွဲရယူခဲ့ပြီး ဦးဆောင်သူနေရာကို သိမ်းပိုက်လိုက်ပါတယ်။ရီးရဲလ်အတွက် ဦးဆောင်ဂိုးကိုအစ္စကိုရဲ့ ပေးပို့မှု ဆယ်လ်တာဗီဂိုနောက်ခံလူနဲ့ ထိပြီး သူ့ဆီရောက်လာတဲ့ ဘောလုံးကိုစီရော်နယ်လ်ဒိုက ဂိုးဧရိယာထိပ်နားကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တာပါ။


ဒုတိယပိုင်းအစမှာ ဆယ်လ်တာဗီဂိုအသင်းက ရီးယဲလ်ဘက်ကို ဖိအားပေးကစားလာနိုင်ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုက တန်ပြန်တိုက်စစ်ကနေ အစ္စကို ဆွဲပြေးလာပြီး ထိုးပေးတာကနေ ရီးယဲလ်အတွက် ဒုတိယဂိုးကို (၄၈)မိနစ်မှာ သွင်းယူခဲ့ပါတယ်။(၆၂)မိနစ်မှာ ဆယ်လ်တာဗီဂိုတိုက်စစ်မှူး အက်စ်ပတ်စ် ဟန်ဆောင်လှဲချခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဒုတိယအ၀ါပြသထုတ်ပယ်ခဲ့ပါတယ်။


(၆၉)မိနစ်မှာ ဂွီဒက်တီက ဆယ်လ်တာဗီဂိုအတွက် ချေပဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့်ရီးယဲလ်အတွက် နောက်ထပ်ဂိုး (၂)ဂိုးကို မိနစ် (၇၀)မှာ မာဆယ်လိုပေးတာကနေဘန်ဇီမာနဲ့ (၈၈)မိနစ်မှာ တိုနီကရူးစ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုက ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးအများဆုံးသွင်းယူခဲ့ ဂျင်မီဂရေ့စ်ရဲ့ (၃၆၅)ဂိုးကို နှစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

 


18 May 2017     1,350 Views




RELATED

Most Popular of Football

Most Popular of Sport