BEC-TERO TV

ရွှေတိဂုံဘုရား မုဒ်ပေါက်ဝတွင် မိုက်ကြေးခွဲအေးဓါးပြတိုက်သူများ

19 May 2017     1,440 Views


မြန်မာနိုင်ငံသားတို့၏ အထွဋ်အမြတ်ထားရာ ရွှေတိဂုံ၊ ကမ္ဘာကအသိအမှတ်ပြုထားသည့် ရွှေတိဂုံစေတီတော်ကို ပြည်တွင်းဘုရားဖူးများသာမက နိုင်ငံတစ်ကာကမ္ဘာလှည့်ခရီးသည်များပါ အမြဲမပြတ်လာရောက် ဖူးမျှော်ကြည်ညိုနေသည့် အထင်ကရနေရာကြီးတစ်ခု၏ အဝင်ဝမုဒ်ပေါက်တွင် ကြွပ်ကြွပ်အိပ်ရောင်းသူများ မိုက်ကြေးခွဲ သောင်းကျန်းနေကြကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ရွှေတိဂုံဘုရားဂေါပကအဖွဲ့ သိရှိစေရန် မေလ ၁၈ ရက်နေ့က အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။

ဘုရားဖူးလာ ပြည်သူများနဲ့ ဆိုင်ရာပိုင်ရာများ၊ ဂေါပကများသိကြစေသော်…
ရွှေတိဂုံဘုရားအရှေ့ဘက် မုဒ်ဗဟန်းဈေးလမ်းတွင် သောင်းကျန်းနေသော ကြွပ်ကြွပ်အိပ်ရောင်းသူများသည် ဖိနပ်များကို အတင်းဆွဲလုသည် ပြီးနောက် ပိုက်ဆံတောင်းသည် မပေးပါကဆဲဆိုသည်။


ဖိနပ်လဲပြန်မပေးပါ။ ပိုက်ဆံပေးပြန်သော် အကြွေမယူ ၁၀၀၀ တန် ၅၀၀ တန် တောင်းသည် တံတွေးနဲ့ထွေးသည်။ ကျွန်တော်တို့သည် ဗုဒ္ဓဟူး ညနေ သန့်ရှင်းရေးအတွက် လုပ်အားပေးလာကြသူများဖြစ်သည် ကျွန်တော်၏ မိန်းကလေး သူငယ်ချင်းများထံမှလဲ ၁၁၀၀ လုယူသွားခဲ့သည်။


အနီးအနား ရှိ ဘုရားလုံခြုံရေးများနှင့် ရဲများ သွားတိုင်တော့ ထွက်ပြေးကြတယ်။ ဒီနယ်မြေက ဘုရားနယ်မြေ ဖြစ်သည့် အလျောက် ဘုရားဖူးလာပြည်သူများအတွက် အနှောင့်အယှက်ဖြစ်ရသည်။  ဒီအဖြစ်အပျက်ကို ဘုရားဖူးလာ ပြည်သူများ ဤကဲ့သို့မဖြစ်စေရန် သတိထားကြပါ။


နိုင်ငံခြားသားများထံမှလဲ တရံကို ၅၀၀၀ ပေးမှပြန်ပေးမည်ဟုလဲ ကြားခဲ့ရသည် မြန်မာနိုင်ငံက ဒီလိုမျိုးကြီးလား သူတို့နိုင်ငံ သူတို့လူမျိုးတွေက ဒီလို အဆင့်အတန်းနိမ့်နိမ့် ကြီးလားလို့ ထင်မြင်ယူဆမိကြရင် သူတို့အစား ရှက်ရပေလိမ့်မည် သာသနာရေးဝန်ကြီးသူရဦးအောင်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စည်ပင်သာယာကော်မတီအဖွဲ့ဝင် စာရေးဆရာမ ဒေါ်ခင်သန်းမြင့်တို့ သိကြမြင်ကြ၊ ကြားကြစေသော် စည်ပင်များ ဘုရားဂေါပက လူကြီးများက ကြပ်ကြပ်မတ်မတ်ထိန်းသိမ်းသင့်ပေသည် share ခြင်းဖြင့် အများတကာ ဤကဲ့သိုမဖြစ်စေရန်ကူညီပါ။


မောင်ရဲထက်ဇော်
YeHtetZaw

ဟု ရေးသားဖော်ပြခဲ့သည်။


ဘုရားစေတီများ၏ ဖိနပ်အပ်ရာဌါနများတွင် ဖိနပ်အပ်နှံခ သတ်မှတ်ထားခြင်းမရှိပဲ အလှုခံပုံးချထားပေးကာ ဘုရားဖူးလာပြည်သူများ သဒ္ဒါသလောက်လှုဒါန်းသွားနိုင်ရန် အစီအစဉ်ကို စတင်ကျင့်သုံးခဲ့သည်။
သို့သော်ငြားလည်း ဘုရားစေတီအချို့တွင် ဖိနပ်အပ်ဌါန ဝန်ထမ်းများက ကအပ်နှ့လာသော ဖိနပ်များကို ဖိနပ်သေတ္တာပုံးထဲထည့်ကာ သိမ်းဆည်းနိုင်ပေမယ့် မလိုအပ်ပါပဲနှင့် ကြွပ်ကြွပ်အိပ်ထဲထည့်ကာ မရဲတရဲနှင့် မသိမသာ ကြွပ်ကြွပ်အိပ်ဖိုး သီးသန့်တောင်းခံနေသည်များလည်း ရှိနေကြာင်း သိရှိရသည်။

ထို့ကြောင့် တာဝန်ရှိ ​ဂေါပကလူကြီးများအနေနှင့် အထင်ကရတန်ခိုးကြီး ဘုရားစေတီများတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်ကို ညိုးနွမ်းအောင် ပြုလုပ်နေကြသူများအား ရှင်းလင်းဖယ်ရှားပေးပါရန် ဖော်ပြလိုက်ရသည်။
 


19 May 2017     1,440 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS