BEC-TERO TV

လိပ်ကျွန်းအမှု အယူခံဝင်နိုင်ရန် ထိုင်းအစိုးရက အချိန် (၁)လ ထပ်မံတိုးမြှင့်ပေး

19 May 2017     1,223 Views


ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် သံသယရှိသူတရားခံများအဖြစ် စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့အတွက် နောက်ဆုံးအယူခံဝင်ရမည့် ရက်ကို ထိုင်းအစိုးရက ထပ်မံ၍ (၁)လ တိုးမြှင့်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

လိပ်ကျွန်းအမှုအတွက် အဆင့်ဆင့်အယူခံဝင်ခဲ့ရတာ အကြိမ်ကြိမ်ပယ်ချခံခဲ့ရပြီး ယခုနောက်ဆုံး ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ဗဟိုတရားရုံးချုပ်သို့ အယူခံဝင်နိုင်ရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ အယူခံဝင်မည့် ရက်ကို မတ်လ ၂၃ ရက်နေ့အဖြစ် သတ်မှတ်ထားခဲ့ရာမှ အယူခံဝင်ရန် ပြင်ဆင်ချိန်မလုံလောက်မှုကြောင့် ရက်ထပ်တိုးမြှင့်ပေးရန် ထိုင်းရှေ့နေများကောင်စီအဖွဲ့က ထိုင်းနိုင်ငံအစိုးရကို တင်ပြခဲ့ရာတွင် နောက်ထပ် (၁)လ တိုးမြှင့်ပေးခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့နောက်ဆုံးထားကာ အယူခံဝင်ရမည်ဖြစ်သည်။

အဆိုပါအမှုအတွက် မြန်မာဥပဒေရေးရာအကြံပေးအဖွဲ့မှ အကြံပြုချက်များကို မေလ (၅)ရက်နေ့က ပေးပို့ခဲ့ပြီးဖြစ်သော်လည်း ထိုင်းရှေ့နေများကောင်စီက ပြန်လည်သုံးသပ်ချက်များကို ဆောင်ရွက်နေစဉ် အချိန်မလောက်ငမှုကြောင့် ယခုကဲ့သို့ အယူခံဝင်မည့်ရက်ကို ထပ်တိုးပေးရန် လျှောက်ထားခဲ့ကြောင်း လိပ်ကျွန်းအမှုစုံစမ်းစစ်ဆေးရေးကော်မတီဝင် ရှေ့နေဦးအောင်မျိုးသက်မှ ပြောကြားခဲ့သည်။

 ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့က အယူခံတရားရုံးတွင် အယူခံဝင်ခဲ့ရာ ပယ်ချခံခဲ့ရပြီးနောက် ယခုနောက်ဆုံး ထိုင်းနိုင်ငံ၏ အဆင့်အမြင့်ဆုံးတရားရုံးဖြစ်သည့် ဗဟိုတရားရုံးချုပ်သို့ အယူခံဝင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

Ref:Eleven Media
 


19 May 2017     1,223 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS