BEC-TERO TV

အင်တာနက်မှာ ရေပန်းစားနေတဲ့ ပါပီ အချိုပွဲ

19 May 2017     1,279 Views


ရုတ်တရတ် ကြည့်လိုက်ရင်တော့ ခွေးပေါက်လေးအတိုင်းပဲမို့ လန့်သွားမှာပါ။

တကယ်တော့ ထိုင်းက ကော်ဖီဆိုင်တစ်ခုမှာ ရတဲ့ အချိုပွဲပါ … ခွေးပေါက်စလေးနဲ့ အင်မတန်မှ တူပါတယ်။

အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတဲ့ အုန်းသီးနဲ့လုပ်ထားတဲ့ ပူတင်းလေးပါ။ အပေါ်မှာ ဂျယ်လီလေးတစ်ထပ်ပါပါတယ်။

ဒီပူတင်းတစ်ဘူးကို ထိုင်းဘတ်ငွေ ၂၅ ဘတ် ၊ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသာ ကျသင့်မှာ ဖြစ်ပါတယ်။

တချို့ကတော့ အရသာအရမ်းရှိမယ့်ပုံပေါ်ပေမယ့် သူတို့သိပ်ချစ်ရတဲ့ ခွေးလေးတွေနဲ့ တူလွန်းလို့ မစားဘူးလို့လည်း ပြောနေကြပါတယ်။

ပုံလေးတွေကတော့ အသည်းယားစရာလေးတွေပါ … သင်ဆိုရင်ရော စားမှာလား?


19 May 2017     1,279 Views




RELATED

Most Popular of Special or Others

Most Popular of Life Style