BEC-TERO TV

မျက်နှာပေါ်က ဝက်ခြံတွေကပြောတဲ့ ကျန်းမာရေး အချက်ပြမှု

22 May 2017     1,587 Views


သင့်မျက်နှာပေါ်က အချက်ပြမှုတွေက သင့်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြနေပါတယ်။ တရုတ်ဆေးပညာအလိုအရ မျက်နှာပေါ်က ဝက်ခြံတွေက ပြောပြနေတဲ့ ကျန်းမာရေး ပြဿနာတွေရှိပါတယ်။
 
နဖူးပေါ် ဝက်ခြံပေါက်လျှင်
 
နဖူးဟာ အစာခြေစနစ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခုကြားနေရာဟာ အသည်းနဲ့ ဆက်နွယ်မှုရှိပါတယ်။ အယ်လ်ကိုဟောနဲ့ အဆီအဆိမ့်များလွန်းတဲ့ အစားအစာတွေကို စားသောက်တာကြောင့် ဒီနေရာတွေမှာ အဖုအပိန့်တွေ ဖြစ်ပေါ်စေပါတယ်။ အာဟာရဓာတ် ချို့တဲ့မှုကြောင့်လည်း မျက်နှာမှာ အပြစ်အနာဆာတွေ ဖြစ်စေနိုင်ပါတယ်။
 
ဒီလိုအဖုအပိန့်တွေ ပျောက်ကင်းစေအောင် အာဟာရရှိတဲ့ အစားအသောက်တွေ စားပြီး ရေဓာတ်ပြည့်ဝအောင် ကြိုးစားပါ။
 
ပါးပြင်ပေါ်မှာ ဝက်ခြံပေါက်လျှင်
 
မိတ်ကပ်အလှကုန်တွေ ၊ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေကြောင့် ပါးပြင်မှာ အဖုအပိန့်ပေါ်နိုင်သလို ဒီနေရာက အဆုတ်နဲ့ ဆက်စပ်နေတာကြောင့် ဆေးလိပ်သောက်သူ ၊ ပန်းနာရင်ကျပ် ရောဂါရှိသူနဲ့ ဓာတ်မတည့်မှု ဝေဒနာရှင်တွေလို အသက်ရှူလမ်းကြောင်း ဝေဒနာရှိတာကြောင့် ပါးပြင်မှာ အဖုအပိန့်ပေါ်လာနိုင်ပါတယ်။
 
မေးစေ့နဲ့ မေးရိုးတစ်လျှောက်ဝက်ခြံပေါက်လျှင်
 
မေးစေ့နဲ့ မေးရိုးတစ်လျှောက် ဝက်ခြံတွေ ပေါက်နေတာက ဟော်မုန်းအတက်အကျကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ရာသီလာစဉ် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာတွေမှာ ကြာရှည် အဖုအပိန့်ပေါက်တာက ဟော်မုန်း မညီမျှတာနဲ့ အန်ဒိုခရိုင်းဝေဒနာတို့ရဲ့ လက္ခဏာအနေနဲ့ပြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာတာနဲ့ ကိုယ်အလေးချိန် တက်တာတို့လို အခြားလက္ခဏာတွေဖြစ်ရင် ဟော်မုန်းအတက်အကျကို စစ်ဆေးဖို့ လိုပါတယ်။

22 May 2017     1,587 Views




RELATED

Most Popular of Health Fix

Most Popular of Life Style