BEC-TERO TV

အမေများနေ့ကတ် မလုပ်ပေးလို့ သားဖြစ်သူကို အကြိမ်ကြိမ် ရိုက်နှက်

22 May 2017     1,239 Views


တောင်ဘက်ကာရိုလိုင်းနားပြည်နယ်က အမေတစ်ယောက်ဟာ အဘွားဖြစ်သူအတွက် အမေများနေ့ကတ် (Mother’s Day Card) လုပ်ပေးပေမယ့် သူ့အတွက် မလုပ်ပေးတာကြောင့် သားဖြစ်သူကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် Shontrell Murphy ဟာ သားဖြစ်သူဆီက အမေများနေ့ကတ် မရရှိခဲ့တဲ့အတွက် ၀မ်းနည်းပြီး သားကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့ပါတယ်။

ရဲတွေရဲ့ပြောပြချက်အရ အဆိုပါအိမ်ကို ရောက်ရှိသွားချိန်မှာ အဘွားဖြစ်သူက ကလေးနှစ်ယောက်နဲ့အတူ မတ်တပ်ရပ်နေခဲ့ပြီး ကလေးတစ်ယောက်ကတော့ ငိုနေပါတယ်။ ကလေးဟာ ခေါင်း အရှေ့ဘက်၊ ဘေးဘက်နဲ့ အနောက်ဘက်တွေကို အရိုက်ခံထားရတယ်လို့ အဘွားဖြစ်သူက ပြောပါတယ်။

Murphy ဟာ သူ့သားဆီမှာတွေ့တဲ့ အမေများကတ်ဟာ သူ့အတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာ ကတ်ကို ဆွဲဖြဲခဲ့ပြီး ကလေးကိုလဲ ရိုက်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် သူက ဒါကိုကလေးကို ညှင်းပန်းနှိပ်စက်တဲ့ အကြမ်းဖက်လုပ်ရပ်လို့ မထင်ဘူးလို့ ပြောပါတယ်။

ကလေးတွေကတော့ သူတို့အမေဟာ သူတို့ကို မကြာခဏ အကြမ်းဖက်ရိုက်နှက်တတ်ပြီး သူတို့အမေကို ကြောက်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။ ကလေးတွေအပေါ်မှာ ရက်ရက်စက်စက်ပြုမူမှုနဲ့ Murphy ဟာ တရားစွဲခံထားရပါတယ်။


22 May 2017     1,239 Views




RELATED

Most Popular of International News

Most Popular of NEWS