BEC-TERO TV

ကော်ဖီနဲ့ အားဖြည့်အချိုရည်သောက်ပြီး ၂ နာရီအတွင်း ရုတ်တရက်သေဆုံး

22 May 2017     1,299 Views


အမေရိကန်နိုင်ငံ ကိုလံဘီယာရှိ စာသင်ကျောင်းတစ်ကျောင်းတွင် အသက် ၁၆ နှစ်အရွယ် ကျန်းမာနေသော လူငယ်တစ်ဦး မက်ဒေါ်နယ်ဆိုင်မှ ကော်ဖီလတေး နှစ်ခွက်နှင့် Mountain Dwe အမှတ်တံဆိပ် အာဖြည့်အချိုရည်တို့ကို သောက်သုံးပြီး ၂ နာရီအတွင်း ရုတ်တရက် လဲကျကာ သေဆုံးခဲ့သည်။


သေဆုံးသူမှာ Davis Allen Crispe ဆိုသူ လူငယ်ဖြစ်ပြီး ဆရာဝန်၏ စစ်ဆေးချက်အရ လူငယ်မှာ ကော်ဖီတွင်ပါဝင်သော ကေဖင်းဓါတ်လွန်ကဲနေချိန်တွင် အားဖြည့်အချိုရည်ကိုပါ အားရပါးရသောက်ခဲ့သည့်အတွက် နှလုံးရပ်ကာ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

လူငယ်မှာ ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်းဖြစ်ကာ နှလုံးနှင့်ပက်သက်သည့် ရောဂါတစ်စုံတရာ မရှိခဲ့ကြောင်းလည်း သိရှိရသည်။ ဖြစ်ဖြစ်ချင်း ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သူလဲကျခဲ့ပြီး တနာရီခန့်အကြာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။


ကေဖင်းနှင့် ပက်သက်သော ဝဘ်ဆိုက်တစ်ခုကမူ Davis က နှစ်နာရီအတွင်း ကေဖင်း ၄၅၀ မီလီဂရမ်ခန့် သောက်သုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ မက်ဒေါ်နာ(McDonald’s)၏ ကော်ဖီလတေး တစ်ခွက်လျှင် ကေဖင်း ၁၄၂ မီလီဂရမ်ပါဝင်ပြီး၊ Mountain Dwe အားဖြည့်ရည်ဗူကြီးတွင် ၂၄၀ မီလီဂရမ်ခန့် သောက်သုံးမိနိုင်ကြောင်း အဆိုပါ ဝဘ်ဆိုက်ကပင် ဖော်ပြထားခဲ့သည်။

ကဖေး ၄၀၀ မီလီဂရမ်ထက် ပိုမိုစာသုံးပါက နှလုံးခုန်မြင့်တက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ အိပ်မပျော်ပဲ မျက်စိကြောင်းခြင်းစတဲ့ ဝေဒနာများကို ခံစားရမည်ဖြစ်ကြောင်း ယူရိုပီယန် အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံရေးအဖွဲ့ကြီးက ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ထားသည်။
 


22 May 2017     1,299 Views




RELATED

Most Popular of International News

Most Popular of NEWS