BEC-TERO TV

တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားတဲ့ ရန်ကုန်ယာဉ်ထိန်းရဲ

24 May 2017     1,263 Views


ဝေဇယန္တာလမ်းနဲ့ ဂန္ဓမာလမ်းဆုံမှာ တာဝန်ကျတဲ့ တပ်ကြပ်မြင့်ကျော်ဦး ဟာ မီးပွိုင့်မှာ ယာဉ်ကြောရှင်းလင်းရေး တာဝန်ထမ်းဆောင်ရင်း ရုတ်တရတ် လဲကျကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အပူဒဏ်ကြောင့် တာဝန်ထမ်းဆောင်ရင်း အသက်ကို စွန့်လွှတ်သွားတဲ့ရတဲ့ တပ်ကြပ်ကျော်မြင့်ဦးအတွက် အထူးပင်ဝမ်းနည်းကြေကွဲပြီး ဂုဏ်ယူမိတယ်လို့ Ye Lwin Tun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က တင်ပြထားပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း တပ်ကြပ်မြင့်ကျော်ဦး ကွယ်လွန်ခြင်းနဲ့ပတ်သတ်ပြီး “အပူအန္တရာယ်ကို သတိရှိကြပါ။ အခုရက်ပိုင်းမှာ မိုးပြတ်ပြီး ရေငွေ့နဲ့အပူရှိန် မြင့်နေပါတယ်။ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားရှာသော ရန်ကုန်ယာဉ်ထိန်းက ဆရာကျော်မြင့်ဦး ကောင်းရာသုဂတိလားပါစေ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

တပ်ကြပ်ကျော်မြင့်ဦးဟာ မီးပျက်နေလို့ နေပူထဲမှာ လမ်းရှင်းပေးရင်း ပွိုင့်ထဲပြန်ဝင်ကာ ရေသောက်အပြီးမှာ လဲကျပြီး အသက်ဆုံးပါးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Source and Photo : Ye Lwin Tun ဖေ့စ်ဘွတ် ၊ ဒေါက်တာထွန်းလွင် ဖေ့စ်ဘွတ်


24 May 2017     1,263 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS