BEC-TERO TV

ဗုံးဟောင်းကို ၀ါးခြမ်းပြားကြားညှပ်ကာ ရိုက်ခွဲသူ သေဆုံး

25 May 2017     1,211 Views


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ၁၁ မိုင်အနီး တောင်ယာတဲတစ်ခုမှာ မြေယာရှင်းလင်းရာမှ တွေ့ရှိသော ဗုံးဟောင်းကို ၀ါးခြမ်းပြားကြားမှာညှပ်ကာ မြေကြီးပေါ်ရိုက်ခွဲသူ ဗုံးပေါက်ကွဲ၍ သေဆုံးခဲ့ပါတယ်။

တောင်ယာမှာ မြေပေါက်ရှင်းလင်းနေစဉ် အမည်မသိ ဗုံးဟောင်းတစ်လုံး တွေ့ရှိခဲ့ပြီး ထမ်းစားနားချိန်မှာ အဆိုပါဗုံးကို အမျိုးသားတစ်ဦးက ၀ါးခြမ်းကြားတွင်ညှပ်ကာ မြေကြီးပေါ်ရိုက်ခဲ့ရာမှ ပေါက်ကွဲခဲ့ဖြင်းဖြစ်ပါတယ်။

မေလ ၂၃ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်ကြောင့် ဗုံးစခွဲသူ အမျိုးသားမှာ သေဆုံးခဲ့ပြီး ကျန်သုံးယောက်မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြပါတယ်။ ဒဏ်ရာရခဲ့သူ ၃ ယောက်မှာ အသက်အန္တရာယ်မစိုးရိမ်ရဘဲ ကျိုင်းတုံဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူးက “ဗုံးမှန်းသိပြီး သက်ဆိုင်ရာကို လာအပ်ခဲ့ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး။ အခုတော့ဗုံးစခွဲတဲ့ကောင်လေးက သေဆုံးသွားပြီး ကျန်တဲ့သုံးယောက်က ဒဏ်ရာတွေရခဲ့လို့ ကျိုင်းတုံဆေးရုံကြီးမှာ ကုသပေးနေတယ်။ ဒဏ်ရာရတဲ့ သုံးယောက်က အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် သေဆုံးသွားသူကို ကျိုင်းတုံရဲစခမ်းက (ပ)၈၄/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၃၈/၃၀၄-က အရ အမှုဖွင့်အရေးယူထားတယ်လို့ The Voice Daily News သတင်းမှာ ဖော်ပြထားပါတယ်။

Source : The Voice Daily News

Photo Credit : KTY


 


25 May 2017     1,211 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS