BEC-TERO TV

သားငယ်နဲ့မင်းသွေး အတူအောင်ပွဲခံတဲ့ည

25 May 2017     1,308 Views


ပရိသတ်ကြီးရေ…သားငယ်နဲ့မင်းသွေးတော့အတူ အောင်ပွဲခံလိုက်ပါပြီ။ယနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဒ်ဗိုလ်လုပွဲမှာ မန်ယူအသင်းဆုဖလားကိုင်မြောက်နိုင်တဲ့အတွက် တီဗီရှေ့မှာအခုလိုပဲအောင်ပွဲခံခဲတာပါ။

ပွဲအပြီးမှာ မန်ယူအသင်းက (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ဖလားကိုသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ Cup Winner's Cup စတဲ့ဥရောပဖလား (၃)လုံးကို  ဆွတ်ခူးဖူးတဲ့ (၅)သင်းမြောက် အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုအတွက်လည်း နည်းပြဘ၀သက်တမ်းတစ်လျှောက် ဗိုလ်လုပွဲ (၁၄)ကြိမ်မှာ (၁၂)ကြိမ်အနိုင်ရရှိတဲ့ မှတ်တမ်းကို အေဂျက်စ်အသင်းအား (၂-၀)ဂိုးနဲ့မန်ယူအသင်း အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ပိုင်ဆိုင်ခဲ့ပါသေးတယ်။

 


25 May 2017     1,308 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment