HIGHLIGHT CLIPS

နှင်းဆီပါမောင် မဟုတ်တဲ့ ပြည့်စေမောင်ရဲ့ ဂီတဘဝလမ်းကြောင်း

8 Mar 2018

1,398 Views

Blind Audition တတိယပိုင်းမှာ နည်းပြလေးဦးစလုံး လှည့်ကြည့်အောင် သီဆိုနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်ကတော့ “ပြည့်စေမောင်” ပါ။
“ထွက်ပေါက်” သီချင်းကို အသံပါဝါအပြည့်နဲ့ သီဆိုခဲ့လို့ နည်းပြတွေကိုယ်တိုင် သီချင်းရဲ့အစမှာထဲက အားရကျေနပ်ခဲ့ရသူဖြစ်ပါတယ်။

ထူးခြားတဲ့ သူ့ရဲ့နာမည်ကို စကြားရတဲ့အချိန်မှာ နီနီခင်ဇော်က“နှင်းဆီပါမောင်” လို့ ထင်မိတာပါတဲ့။

ဟိုးအရင်တုန်းက သူငယ်ချင်းတွေနဲ့ ဂီတအဖွဲ့ ဖွဲ့ထားပြီး၊ သီချင်းခွေထုတ်ဖို့ထိ စီစဉ်ခဲ့ပေမယ့် အိမ်ကသိပ်ပြီးအားမပေးခဲ့ပါဘူး။ ဒါပေမယ့် အခု The Voice Myanmar ကို လာပြိုင်တဲ့အချိန်မှာတော့ မိသားစုတစ်ခုလုံးက လှိုက်လှိုက်လှဲလှဲ အားပေးတာကို မြင်တွေ့ခဲ့ရပါတယ်။

သူ့ရဲ့ဘဝဖြတ်သန်းမှုနဲ့ သင်္ဘောသားလုပ်ကိုင်နေရင်းကနေ ဂီတလမ်းကြောင်းပေါ်ကို တစ်ခါပြန်တက်လာတဲ့ အကြောင်းတွေကို အင်တာဗျူးမှာ အပြည့်အစုံဖြေကြားထားပါတယ်။ လင်လင်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သွားတဲ့ “ပြည့်စေမောင်” ကို အားပေးကြပါဦး။

 

HIGHLIGHT CLIPS