HIGHLIGHT CLIPS

စင်ဂယ်မားသားတွေ အားကျလောက်စေခဲ့တဲ့ အသက် ၁၈ အရွယ် စင်ဂယ်မားသား

7 Sep 2017

4 Views

စင်ဂယ်မားသားအဖြစ်ကို ရောက်နေကြတဲ့ သူတွေဟာ ဘဝမှာရှုံးနိမ့်သွားတာမျိုးမဟုတ်ပဲ။ သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားပြီး မိမိရဲ့ ဘဝပန်းတိုင်ဆီကို လျှောက်လှမ်းဖို့ အခွင့်အရေးတွေ ရှိသေးတယ်ဆိုတာကို The X Factor Myanmar ရဲ့ ပြိုင်ပွဲဝင် ညီမလေးတစ်ဦးက သက်သေပြသွားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ Melody Khong  ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ စင်ဂယ်မားသားတစ်ဦးဖြစ်ခဲ့ရပေမယ့် ချစ်စရာကောင်းတဲ့သားလေး၊ နွေးထွေးမှုတွေလွှမ်းခြုံထားတဲ့ မိဘတွေရဲ့ အရိပ်အောက်မှာ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ The X Factor Myanmar ရဲ့ စင်မြင့်ထက်ကို စတင်ခြေလှမ်းခဲ့ပါတယ်။

ပထမဦးဆုံး ခြေလှမ်းမှာတင် အံ့မခမ်းလောက်အောင် သီဆိုပြနိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီး လေးယောက်လုံးဆီက 4 Yes ကို ရရှိခဲ့တဲ့အတွက် သူမအတွက် အနာဂါတ်ရောင်ခြည်တွေ သမ်းနေခဲ့ပါပြီ။ Melody Khong ရဲ့ သီဆိုယှဉ်ပြိုင်မှုကို ကိုယ်တိုင်အားပေးနားဆင်ခံစားစေချင်ပါတယ်။
 

HIGHLIGHT CLIPS