HIGHLIGHT CLIPS

နည်းပြလေးဦးထဲကမှ “ကိုကျား”ကို ဘာကြောင့် “ဆူဇန်အေး” ရွေးဖြစ်ခဲ့တာလဲ..?

26 Feb 2018

1,543 Views

The Voice Myanmar အစီစဉ် Blind Audition ဒုတိယပိုင်း ပြန်စတယ်ဆိုရင်ပဲ ပထမဦးဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ ဆူဇန်အေးက ပရိသတ်တွေနဲ့ နည်းပြတွေရဲ့ လက်ခုပ်သံကို အပိုင်သိမ်းနိုင်ခဲ့ပါတယ်။

ကြော်ငြာကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရောက် လုပ်ကိုင်နေဆဲ ဖြစ်ပေမယ့် အသွေးအသားထဲက ဝါသနာအရင်းခံဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးနဲ့ ကြုံဆုံလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ အနုပညာအတွက် အလုပ်ကို စွန့်လွှတ်ခဲ့သူလည်းဖြစ်ပါတယ်။

ထူးခြားတဲ့ အသံပိုင်ရှင်ဖြစ်လို့ နည်းပြလေးဦးစလုံးက သူမဘက်ကို လှည့်လာရတဲ့အထိ ရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့သူပါ။ သူမရဲ့ မွေးရပ်ဇာတိက တောင်ငူက ဖြစ်တယ်လို့ မိတ်ဆက်စဉ်မှာ နည်းပြတစ်ဦးဖြစ်တဲ့ ကိုကျားပေါက်ကလည်း တောင်ငူဇာတိဖြစ်ကြောင်း ပြောပြလိုက်မှ အံ့သြစွာသိသွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ နည်းပြတွေအားလုံးက သူတို့ဆီလာပါလို့ ဘယ်လိုပင်ဆွယ်ဆွယ် “ဆူဇန်အေး” ကတော့ မွေးရပ်ဇာတိတူဖြစ်တဲ့ “ကျားပေါက်” ကိုရွေးချယ်ပြီး TeamKP ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တစ်ကယ်တော့ မွေးရပ်ဇာတိတူတယ်ဆိုတာ မမျှော်လင့်တဲ့ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး “ကျားပေါက်” ကိုရွေးချယ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ယုံကြည်မျှော်လင့်ချက်  တစ်ခုခုကြောင့် ဖြစ်မှာ သေချာပါတယ်။
အွန်လိုင်းပေါ်မှာ “ဆူဇန်အေး”နဲ့ ဆုံတဲ့အခါ “ကိုကျား” ကိုဘာလို့ရွေးတာလဲလို့ မေးဖြစ်အောင်မေးကြည့်နော်..။

ကိုကျားရဲ့ လမ်းညွှန်မှုတွေအောက်မှာ “ဆူဇန်အေး” တစ်ယောက် Battle Round အဆင့်မှာ ဘယ်လို ယှဉ်ပြိုင်သွားမလဲဆိုတာကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီ MRTV-4 ရုပ်သံကနေ စောင့်မျှော်ကြည့်ရှုရပါဦးမယ်။
မကြည့်လိုက်ရတဲ့ သူတွေအတွက် စနေနေ့ည ၉ နာရီမှာ ပြန်လည်ထုတ်လွှင့်ပြသနေပါတယ်။
အွန်လိုင်းက ကြည့်ရှုသူများအတွက် The Voice Myanmar Official YouTube Channel မှာ အစ/ဆုံး ပြန်လည်ကြည့်ရှုနိုင်ပါပြီ။
 

HIGHLIGHT CLIPS