HIGHLIGHT CLIPS

ရှတတ အသံပိုင်ရှင် အောင်ဇင်ဖြိုး

28 Feb 2018

3,014 Views

စကားပြောတဲ့အခါ ဟစ်ဟော့ပ်အဆိုတော် G Fatt လို ရှတတ အသံပိုင်ရှင်ကတော့ ပြိုင်ပွဲဝင် “အောင်ဇင်ဖြိုးပါ” ။ အဆိုတော် အာဇာနည်ကို အားကျပြီး အဆိုတော်တစ်ယောက် ဖြစ်ချင်ခဲ့တာကြောင့် စစ်ကိုင်းမြို့ကနေ The Voice Myanmar ကို လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တေးရေး ကေအေတီ ရေးစပ်ပြီး ဝိုင်ဝိုင်း  နဲ့ မဒီတို့ စုံတွဲသီဆိုခဲ့ကြတဲ့ “ဆန္ဒတစ်စုံ” သီချင်းနဲ့ Blind Audition ကို ဖြတ်ကျော်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
စုံတွဲသီဆိုရတဲ့ သီချင်းတစ်ပုဒ်ကို နှစ်နေရာစလုံးမှာ သပ်သပ်ရပ်ရပ်နဲ့ သီဆိုသွားနိုင်တဲ့အပြင် အမြင့်သံတွေကို ရောက်အောင် သီဆိုနိုင်ခဲ့တဲ့အတွက် သီချင်းအဆုံးနားမှာတော့ လက်လွတ်မခံနိုင်တဲ့ နည်းပြနှစ်ဦး “လင်းလင်း” နဲ့ “နီနီခင်ဇော်” က ရှေ့ဆင့်နောက်ဆင့် ခလုပ်နှိပ်ပြီး လှည့်လာခဲ့ပါတယ်။

“လင်းလင်း” ကို နည်းပြအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ Battle Round မှာ လင်းလင်းရဲ့ လမ်းညွှန်မှုတွေနဲ့အတူ ဘယ်လိုယှဉ်ပြိုင်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည ၉ နာရီ MRTV-4 ကနေ စောင့်မျှော်အားပေးကြပါဦီး။
Replay ပြန်လညပြသမှုကိုတော့ စနေနေ့ ည ၉ နာရီ MRTV-4 ကနေပဲ ပြန်လည် ထုတ်လွှင့်ပေးလျှက်ရှိပါတယ်။
 

HIGHLIGHT CLIPS