HIGHLIGHT CLIPS

ဂီတစ်ခုသာအရင်းပြုလို့ ဆက်လက်ရှင်သန်မယ့် “ရိုးရိုး”

28 Feb 2018

1,488 Views

နံမည်က “ရိုးရိုး” ဒါပေမယ့် ဘဝဖြတ်သန်းမှုကတော့ ခက်ခဲခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ရွာလေးတစ်ရွာကနေ ဘဝတိုးတက်ရာတိုးတက်ကြောင်း အတွက် ရန်ကုန်ကို တစ်ဦးတည်းတက်လာခဲ့စဉ်က နေစရာနေရာမရှိလို့ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေထိုင်ခဲ့ရဖူးပါတယ်။

ဝမ်းရေးအတွက် ဝါသနာပါရာ ဂီတကိုအရင်းပြုပြီး ပန်းခြံရှေ့၊ ကုန်တိုက်တွေရှေ့မှာ ဂစ်တာတစ်လုံးနဲ့ တီးခတ်ရင်း ဘဝကို အစပြုခဲ့ဖူးပါတယ်။ အဲဒီလို ဂီတနဲ့ အသက်မွေးရင်း တစ်နေ့မှာတော့ သူ့ရဲ့ဘဝလမ်းကြောင်း အပြောင်းအလဲဖြစ်ကာ ယခု The Voice Myanmar ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှည်ပြိုင်လာနိုင်ခဲ့တဲ့ထိ ဖြစ်လာခဲ့ပါတယ်။

“Perfect” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “ရိုးရိုး” ကို နည်းပြ သုံးဦးဖြစ်တဲ့ “ကျားပေါက်” “နီနီခင်ဇော်” “လင်လင်း” တို့က ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးမှာ “ရိုးရိုး” က “ကျားပေါက်” ကိုရွေးခဲ့ပြီး TeamKP ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Battle Round မှာ “ရိုးရိုး” တစ်ယောက် ဘယ်လိုထူးခြားတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်လိမ့်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျော်အားပေးကြပါဦး။
Replay play ပြန်လည်ပြသမှုကိုတော့ စနေနေ့ည ၉ နာရီ MRTV-4 ကနေပဲ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
 

HIGHLIGHT CLIPS