HIGHLIGHT CLIPS

စိတ်ကူးအိမ်မက်တွေကို မနားတမ်းဆက်မက်နေတဲ့ “ခိုင်မြဲသစ္စာ”

28 Feb 2018

1,548 Views

ပြိုင်ပွဲဝင် “ခိုင်မြဲသစ္စာ” ဟာ မန္တလေးမှာ နာမည်ရနေတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင်တစ်ယောက်အဖြစ် ဘဝရပ်တည်မှု ခိုင်မာနေပေမယ့် အဆိုတော်တစ်ဦးဖြစ်ချင်ခဲ့တဲ့ အိမ်မက်ကိုတော့ အမြဲလိုလိုဆက်မက်နေတဲ့သူဖြစ်ပါတယ်။

သူမအားကျတဲ့ အနုပညာရှင်တွေ နောက်ကနေပံပိုးကူညီဖျော်ဖြေပေးနေတဲ့ အကပညာရှင် “ခိုင်မြဲသစ္စာ” က The Voice Myanmar စင်မြင့်ထက်မှာတော့ တစ်ကယ့်ဝါရင့် အဆိုရှင်တစ်ယောက်လို သီဆိုယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

“ရန်ရန်ချန်း” ရဲ့ Team YC အဖွဲ့ဝင် ဖြစ်သွားတဲ့ “ခိုင်မြဲသစ္စာ” တစ်ယောက် Battle Round မှာ ဘယ်လိုထူးခြားတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်လိမ့်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျော်အားပေးကြပါဦး။
Replay play ပြန်လည်ပြသမှုကိုတော့ စနေနေ့ည ၉ နာရီ MRTV-4 ကနေပဲ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

 

HIGHLIGHT CLIPS